AD
AD
AD
play

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ထဲက ခြေလျင်တပ်ရင်းတစ်ခုမှာ  မေလ ၁၅ ရက်မနက် ၂ နာရီလောက်က တပ်တွင်းပစ်ခတ်မှုဖြစ်ပွားပြီး တပ်မတော်သား ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခန္တီးအခြေစိုက် ခလရ(၂၂၉) ရဲ့ လုံခြုံရေး စခန်းတစ်ခုမှာ ကင်းစောင့်တာကနေ ပြန်လာတဲ့ တပ်မတော်သားတစ်ဦးက ပစ်ခတ်ခဲ့လို့ သူအပါအ၀င် တပ်မတော်သားလေး ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ နန်းယွန်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က 7DayDaily သတင်းစာကိုပြောခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဗိုလ်ကြီးတစ်ဦးအပါအ၀င် ဒဏ်ရာရသူငါးဦးက ဒဏ်ရာပြင်းထန်လို့ အဆိုပါနေ့ မနက်မှာပဲ နန်းယွန်းပြည်သူ့ ဆေးရုံကနေ တနိုင်းပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

 

‘‘တပ်သားတစ်ယောက်က ကင်းအလှည့်ကျပြီးတော့ အ ဆောင်ကိုပြန်တဲ့အခါ ရောက် ရောက်ချင်းမှာပဲ လက်ပစ်ဗုံးတစ် လုံးကို ပစ်ထည့် လိုက်တာ။ ပြီးတဲ့ အခါ သူကသေနတ်နဲ့ဆိုတော့ ကျည်အချက်နှစ်ဆယ်လောက် ရမ်းပစ်လိုက်တဲ့သဘော။ အဲဒီ အခါကျတော့ စစ်သားတွေက အဆောင်ထဲတန်းလျားမှာ အိပ် နေကြတာဆိုတော့ လက်ပစ်ဗုံး ကြောင့် ထိတာရှိသလို သေနတ် ပစ်လို့ထိတာလည်းရှိတယ်’’လို့  ဦးစိမ်းမောင်က ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန်မှာ သုံးဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူရဲဘော်က တောထဲကိုထွက်ပြေးကာ မိမိကိုယ်မိမိ ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD