AD
AD
AD
play

 

ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေးစီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့လို့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီးဌာနဝန်ကြီးက ဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ဦးဆလိုင်းအိုက်ဇက်ခင်က ရာထူးကနေ ဆန္ဒအလျောက်နှုတ်ထွက်ခွင့်တင်လာတဲ့အတွက် နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့် ပြုလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက မေလ ၁၈ မနက်က မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

play

 

မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂)နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုးရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွတ်ပေးကြဖို့ ပန်ကြားလိုပါတယ်။ ဒီ (၂)နှစ်တာ အတွင်း မိမိနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ ချင်းပြည်နယ် ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဌနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီမှတာဝန်ရှိသူများအားလုံးကို အထူး ကျေးဇူးတင်ရှိတယ်လို့ ဦးဦးဆလိုင်းအိုက်ဇက်ခင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD