AD
AD
AD
play

 

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက လာဘ်စားရာမှာ ညီညီညွှတ်ညွတ် လုပ်ကိုင်ဖို့ ဝန်ထမ်းတွေကို မှာကြားနေတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သတ်ပြီး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနဲ့အညီ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးဆောင်ရွက် သွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောလိုက်ပါတယ်။

မေလ ၁၇ ရက်နေ့က နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြည်သူ့အတွက် ဒုတိယ ၁နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘လက်ရှိအဆင့်ထက် ကျော်လွန် ပြီးတော့မှ လောဘတွေ မတက်ပါ နဲ့နော်။ ဆင်လည်းဆင်အစာ၊မြင်းလည်းမြင်းအစာ၊ ဆိတ်လည်း ဆိတ်အစာ၊  ပုရွတ်ဆိတ်လည်း ပုရွတ်ဆိတ်အစာ သူ့အစာနဲ့သူရှိပါတယ်။ ဟိုဘက်၊ ဒီဘက် ဘောင်မကျော်ပါနဲ့။ ဒါဆိုရင် ခင်ဗျားတို့ အချင်းချင်းမှာ ရှိနေတဲ့ ဆက်ဆံရေးတွေအားလုံး ပြေလည်ပြီးတော့မှ ပြဿနာဆိုတာ မရှိတော့ဘူး။ နောက်တစ်ခုက အားလုံးညီနေရင် တစ်ယောက်ဖောက်ရင် သိပ်သိသာတယ်’’လို့ ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရုပ်သံဖိုင်က ၂၀၁၆ မေလ ၂၆ ရက်က တိုင်းနှင့်ပြည်နယ်တွေမှာ သွားရောက်တာဝန်ထမ်းဆောင်မယ့် ၀န်ထမ်းတွေကို ညွှန်ကြားရေးမှူး တစ်ဦးအနေနဲ့ လိုအပ်တဲ့အချက်တွေ မှာကြားခဲ့တာဖြစ်ပြီး အသံဖိုင်ပိုင်ရှင်ကို စစ်ဆေးဖို့လုပ်နေတယ်လို့ အကောက်ခွန်ဦးစီးဌာန ဒုညွှန်ချုပ်ဦးသိန်းဆွေက 7DayDaily သတင်းစာကို ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD