AD
AD
AD

play
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် လွှတ်တော်အမတ်ဒေါ်ကြည်ပြာ လွှတ်တော်တွင် မေးခွန်းမေးမြန်နေစဉ်။

 

ရန်ကုန်တိုင်းအတွင်းရှိ အဝေးပြေးယာဉ်ရပ်နားစခန်းတွေဖြစ်တဲ့ အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွေမှာ ၀င်ငွေ သိန်းငါးသောင်းကျော် ရရှိခဲ့ပြီး NLD အစိုးရသက်တမ်းအတွင်း ပိုမိုတိုးမြှင့်ရရှိခဲ့တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ကျောက်တံတားမြို့နယ်၊လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာရဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းနှင့် ဒဂုံဧရာအဝေးပြေးကွင်းတို့ မှာ ကောက်ခံနေတဲ့ ကားဝင်ကြေးတွေကို ဘယ်လိုစီမံဆောင်ရွက်နေလဲဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားခဲ့တာပါ။

play
အောင်မင်္ဂလာအဝေးပြေးဝင်း မြင်ကွင်း။

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ တင်ဒါအောင်မြင်ခဲ့ပြီး ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းက ကျပ်သိန်းပေါင်း ၃၃၈၀၀ နဲ့ အောင်မင်္ဂလာ ယာဉ်ရပ်နားစခန်း ကျပ်သိန်းပေါင်း ၁၇၈၀၀ အထိ ၀င်ငွေ ရရှိလာခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။

“အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ဒဂုံဧ၇ာပွဲရုံရဲ့အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းတို့မှာ ရရှိတဲ့ ဝင်ငွေချင်းဟာ မတူပါဘူး။ ကျွန်တော်တို့ အစိုးရတက်တဲ့နှစ်မှာ ၂၀၁၆-၂၀၁၇မှာ တင်ဒါအောင်ခဲ့တာ အောင်မင်္ဂလာယာဉ်ဝင်ခဟာ သိန်းပေါင်း ၁၇,၈၀၀ အထိ ရလာပြီး ဒဂုံဧရာစခန်းကျတော့ သိန်းပေါင်း ၃,၃၈၀၀ အထိ ရခဲ့ပါတယ်။ ဒီငွေတွေကိုလည်း ဆုံးဖြတ်ချက်နှင့်အညီ ရငွေအဖြစ် အစိုးရဆီ ပေးပါတယ်။ ပြင်စရာရှိတာတွေကိုလည်း လုပ်ငန်းရဲ့ သဘောတူညီချက်၊စည်းကမ်းရဲ့ သတ်မှတ်ချက်အရ ECကော်မတီက လုပ်ခဲ့ပါတယ်” လို့ မြို့တော်ဝန်က ပြောပါတယ်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဒဂုံ-ဧရာပွဲရုံနဲ့ အဝေးပြေးကုန်တင် ယာဉ်ရပ်နားစခန်း တို့ကို တင်ဒါစနစ်နဲ့ အငှားချထားခဲ့ပြီး ယာဉ်ဝင်ခကောက်ခံတဲ့ လုပ်ငန်း တင်ဒါအငှားချတန်ဖိုးငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ရငွေစာရင်းကို ပေးသွင်းနေတယ်လို့ မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD