AD
AD
AD
play

 

တောင်ငူ ပညာရေးကောလိပ်မှာ မွမ်းမံသင်တန်းတက်ပြီး က၀မြို့ကို ပြန်လာတဲ့ ကျောင်းဆရာမတွေ လိုက်ပါလာတဲ့ လိုက်ထရပ်ယာဉ်တစ်စီးကို ဒီနေ့ (မေလ ၁၈ ရက်)မနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၅၃ နားမှာ ပရိုဘောက်ယာဉ်တစ်စီးက နောက်ကနေတိုက်မိခဲ့လို့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလိုက်ထရပ်ယာဉ်မှာ ဆရာမ ၁၅ ဦးလိုက်ပါလာခဲ့ပြီး ပရိုဘောက်ယာဉ်က အရှိန်မထိန်းနိုင်ဘဲနောက်ကနေ ၀င်တိုက်ခဲ့တာကြောင့် ယာဉ်တိမ်းမှောက်ပြီး လိုက်ထရပ်ပေါ်လိုက်ပါလာတဲ့ ကျောင်းဆရာမ ရှစ်ဦးနဲ့ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘောနီ အမြန်လမ်း ရဲစခန်းကနေ သိရပါတယ်။

play

 

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူတွေကို ပဲခူးဆေးရုံကြီးကို ပို့ဆောင်ကုသပေးခဲ့ရပြီး ဒဏ်ရာရရှိသူအားလုံးက မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်ကြောင့် ယာဉ်ကိုမဆင်မခြင်မောင်းနှင်တဲ့ မြောက်ဥက္ကလာမြို့နယ်မှာနေထိုင်သူ ပရိုဘောက်ယာဉ်မောင်း ထွန်းထွန်းဝင်းကို အမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD