AD
AD
AD
play
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်။

 

ပြတိုက်များနှင့်သက်ဆိုင်သည့် ဥပဒေကို ယခုနှစ်အတွင်းတွင် ပြဌာန်းနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ဓူဝံကို ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာ အခုထိ ပြတိုက်ဥပဒေမရှိသေးပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ ပြတိုက်နဲ့ ပြပွဲများဥပဒေဆိုတာ ကတော့ ယာယီပြပွဲလေးတွေ ခင်းကျင်းပြသတာနဲ့ပဲ သက်ဆိုင်ပါတယ်။ ပြတိုက်ကြီးတွေ တည်ထောင်ဖွင့်လှစ်ခွင့်ဥပဒေက အခုထိမရှိသေးဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက စတင်ပြင်ဆင်ခဲ့တာပါ"လို့ ဦးကျော်ဦးလွင်က ပြောပါတယ်။

ပြည်တွင်းမှာ ပြတိုက်ဥပဒေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတာက လက်ရှိမှာ ပြီးပြည့်စုံနေပြီဖြစ်ပြီး မကြာခင်လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပြီး ပြတိုက်နဲ့ ပါတ်သတ်တဲ့ ဥပဒေကို ပြဌာန်းရာမှာ ပြည်ပနိုင်ငံက အချက်အလက်တွေကို မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် ရေးဆွဲထားတယ်လို့ ဆိုပါတယ်။

play

 

လက်ရှိမှာ အစိုးရပြတိုက်တွေအပြင် ပုဂ္ဂလိကပြတိုက်တည်ထောင်သူတွေ အတွက် ရှေးဟောင်းပစ္စည်း ဥပဒေနဲ့အညီ ဌာနကို မှတ်ပုံတင်ထားပြီး ပြတိုက်တည်ထောင်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းခြောက်ခုရှိနေတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက ပြတိုက်ဖွင့်လှစ်လိုသူတွေအနေနဲ့ သက်တမ်းနှစ်တစ်ရာနဲ့ အထက်ပစ္စည်းတွေကိုပြသမယ်ဆိုရင် ဌာနကို ပြသဖို့ ခွင့်ပြုချက်ယူဖို့ လိုပြီး ခွင့်ပြုတယ်ဆိုရင် ပြသနိုင်တယ်လို့ သိရပါတယ်။

ပြတိုက်ဖွင့်လှစ်ထားတဲ့သူတွေအနေနဲ့ ပြတိုက်ကို စာရင်းသွင်းထားရင် နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး ခင်းကျင်းပြသတာတွေနဲ့ ပစ္စည်းချင်းလဲလှယ် ပြသတာတွေပါ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက နေဖွင့်လှစ်ထားတဲ့ ပြတိုက်ပေါင်း ၃၃ ခုရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD