AD
AD
AD
play

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်သက်မှုက လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်လာပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ရွေ့လျှားလာပြီး နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အနောက်တောင်မုတ်သုံလေဦးက ကပ္ပလီပင်လယ်ပြင်မှာ အားနည်းလျက်ရှိနေပေမယ့် မြန်မာနိုင်ငံတောင်ပိုင်းဒေသသို့ စတင်ဝင်ရောက် နေပြီဖြစ်ပြီး ကျန်ရှိနေတဲ့ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေကို မေလ( ၂၇)ရက်လောက်မှာ ဆက်လက် ၀င်ရောက် လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

play

 

နောက်နှစ်ရက်အတွက် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမှာ ဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီဌာနက မေလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD