AD
AD
AD
play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို မဲထည့်ဖို့ အခြေခံပညာကျောင်းသားငယ်တွေကို လှုံဆော်မဲဆွယ်ခဲ့တဲ့ ဆရာမကို ၀န်ထမ်းဥပဒေနဲ့ အရေးယူမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောလိုက်ပါတယ်။

မေလ ၂၁ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ နှစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆိုပါကိစ္စကို ဘယ်လိုဆောင်ရွက်နေသလဲဆိုတဲ့ အမေးကို ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့တာကို ဒီနေ့ထုတ် 7Day သတင်းစာမှာ ဖော်ပြထားပါတယ်။

“ဒီဟာတွေသည် ကြည့်လိုက်တဲ့ အခါမှာဝန်ထမ်းကျင့်ဝတ်အရ၊ ၀န်ထမ်းဥပဒေအရ မလိုက်နာဘူး ဆိုရင်တော့ ဒါသည် သူ့ရဲ့လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းအရ ကျွန်တော်တို့ အရေးယူဆောင် ရွက်သွားရမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် အလားတူဖြစ်ရပ်မျိုးမဖြစ်အောင် ဆရာ၊ ဆရာမတွေ၊ ပညာရေးအရာထမ်း၊ အမှုထမ်းတွေအနေနဲ့ အဲဒီလို မလုပ်ဖို့လည်း အသိပေး ဆောင်ရွက်မယ်လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက NLD ကိုမဲထည့်ဆိုတဲ့ ကဗျာကို ဆရာမကအရှေ့က ရွတ်ဆိုပြီး ကျောင်းသားငယ်လေးတွေက လိုက်ရွတ်ဆိုနေတဲ့ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ပျံ့နှံခဲ့ပြီး ဝေဖန်မှုတွေရှိခဲ့ပြီးနောက်ပိုင်းအခုလို အရေးယူဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD