AD
AD
AD
play

 

ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီလကနေ ၂၀၁၇ ဒီဇင်ဘာလကုန်ထိ ရှစ်လအတွင်း မုဒိန်းမှု ၄၆ဝ မှုအပါအ၀င် အမှုကြီး ၈၅၆ မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက တိုင်းလွှတ်တော်မှာ ပြောပါတယ်။

မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လသာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ရဲလက်စွဲအပိုဒ် ၁၇၅၄ ပါ အရေးကြီးတဲ့ ရာဇဝတ်မှုကြီး (၁၀) မျိုးနဲ့ စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးထဲမှာ ၂၀၁၆ ဧပြီလကနေ ၂၀၁၇ ဒီဇင်ဘာလအထိ ဘယ်လောက်ဖြစ်ခဲ့တယ်ဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရှစ်လအတွင်း ရန်ကုန်မှာဖြစ်ပွားခဲ့တဲ့ အမှုကြီး ၁၀ မျိုးမှာ မုဒိန်းမှုက အကြိမ်ရေ ၄၆၀ နဲ့ အများဆုံးဖြစ်နေပြီး လူသတ်မှုကအကြိမ် ၃၀၀နဲ့ ဒုတိယအများဆုံးဖြစ်ကာ တတိယအများဆုံးက လုယက်မှု ၈၄ ကြိမ်ဖြစ်ပြီး အမှုကြီး ၁၀ မှု စုစုပေါင်း  ၈၅၆ မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကာကွယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကြိုကာဖမ်းဆီးမှုတွေ ဆောင်ရွက်ခဲ့လို့ အမှုကြီးတွေက လျော့နည်းကျဆင်းခဲ့တယ်လို့ ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမှုကြီးပေါင်း ၈၅၆ မှုထဲက ၈၀၆ မှုကို တရားစွဲတင်ထားပြီးဖြစ်ပြီး ပိတ်သိမ်း ၂၄ မှု ရှိတာကြောင့် အမှုကြီးလက်ကျန် (၂၆)မှုပဲ ကျန်ရှိလို့ ၉၄ ရာခိုင်နှုန်းကို တရားစွဲဆိုထားနိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD