AD
AD
AD
play

 

၂၀၁၈ ခုနှစ်ကျောင်းအပ်ရာသီမှာ ကျောင်းအပ်တဲ့အချိန် အခကြေးငွေ ကောက်ခံတာတွေနဲ့ ပစ္စည်းရောင်းချတာတွေရှိရင် ဝန်ကြီးရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ဒီနေ့ထုတ် 7Day သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

ကျောင်းအပ်နှံတဲ့အချိန် အခကြေးငွေကောက်ခံတာတွေ ပစ္စည်းရောင်းချခြင်းများရှိရင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးအမှတ် (၁၃) နေပြည်တော် (သို့မဟုတ်) dpsoffice@moe- mm.com သို့ တိုင်ကြားနိုင်တယ်လို့  ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ မိဘပြည်သူသို့ မေတ္တာရပ်ခံချက်မှာ အသိပေးထားတာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ဖို့ နှစ်စဉ် မေလ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပါတယ်။

ယခုပညာသင်နှစ်အတွက် ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနဲ့ စာကြည့်တိုက် ကြေးအပါအဝင် မည်သည့် အခကြေးငွေမျှ မကောက်ခံဘဲ မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ် ခြောက်အုပ်နဲ့ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တစ်စုံစီ၊ အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့်အတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တစ်စုံစီ ထောက်ပံ့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် နာမည်ကြီးထင်ရှားတေဲ့ ကျောင်းတွေမှာ ကျောင်းအပ်လက်ခံရာမှာ အခကြေးငွေ၊ လက်ဆောင်ပစ္စည်းရယူတာတွေ ရှိနေရာလို့ ကျောင်းအပ်လက်ခံတာတွေကို ကျောင်းအုပ်တစ်ဦးတည်းက မဆောင်ရွက်စေဘဲ ကော်မတီ ဖွဲ့ကာ သတ်မှတ်ချက်တွေအတိုင်း ကျောင်းအပ်လက်ခံရမယ်လို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD