AD
AD
AD

play

 

ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုတာခံထားရတဲ့ တေးသံရှင်အစ္စဏီရဲ့ ပထမဆုံးအမှုစစ်ဆေးမယ့်ရက်မှာ တရားလို စူးရှထက် (ခေါ်)ဇာခြည်ဌေး မရောက်လာလို့ နောက်ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ တာမွေမြို့နယ် တရားရုံးကနေ သိရပါတယ်။

ဒီနေ့ မေလ ၂၃ ရက်မှာ တရားလို စူးရှထက်ကို စတင်စစ်ဆေးဖို့ စီစဉ်ထားပေမယ့် စူးရှထက် ရောက်မလာတာကြောင့် နောက်ထပ်ရုံးချိန်းကို ဇွန်လ ၁ ရက်နေ့ကို ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။

တရားလိုဘက်ကနေ သူ့ရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ စီမံဆောင်ရွက်မှုပေးမှ လာမယ်လို့ စာတင်ထားကြောင်း သိရတယ်လို့ တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“မော်ဒယ် အမျိုးသမီးအနေနဲ့ သူ့ကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ သိက္ခာချစော်ကားတိုက်ခိုက်တာတွေ၊ တရားရုံးရှေ့မှာ ရဲတပ်ဖွဲ့အနေနဲ့ သူ့ရဲ့ လုံခြုံရေးအတွက်လိုအပ်တဲ့ အရံအတား ဆောင်ရွက်မပေးနိုင်ရင် သူမလာဝံ့ပါဘူးဆိုပြီး ပြီးခဲ့တဲ့ အပတ်လောက်တည်းက စာပို့ထားတယ်ဆိုပြီး ကြားသိထားရပါတယ်”လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

play

 

တေးသံရှင် အစ္စဏီကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ မုဒိမ်းမှု၊ ပြင်းထန်နာကျင်စေမှုတို့အပါအ၀င် ပုဒ်မ ၃ ခုနဲ့ တာမွေမြို့နယ် တရားရုံးက တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါင်္တွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD