AD
AD
AD
play

 

ရန်ကင်းမြို့နယ် ကံဘဲ့လမ်းပေါ်ရှိ ကလေးကစားကွင်းမြေနေရာမှာ ရှိတဲ့ အဆောက်အဦးကို ဖယ်ရှားပြီး အားကစားကွင်းအဖြစ် စီစဉ်မယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

အဆိုပါ အဆောက်အဦးက အိမ်ရာစခန်းနဲ့ ကန်ဘဲ့လမ်းကြားအစိုးရမြေပေါ်မှာ တည်ရှိတာဖြစ်ပြီးအရင် န.၀.တ အစိုးရလက်ထပ်မှာ တပ်မတော် ထောက်လှမ်းရေးသက်သာရံပုံငွေအဖြစ် စားသောက်ဆိုင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုအခါ စားသောက်ဆိုင်ကို ရှင်းလင်းပြီး အားကစားကွင်းအဖြစ် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

“အိုးအိမ်ဦးစီးဌာနက မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာက စီမံခန့်ခွဲနေတဲ့ အိမ်ယာတွေ၊ မြေတွေ ကို ဒီ နှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို လွဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီကလေးကစားကွင်း မြေနေရာအဖြစ် ဖော်ပြထားခြင်း မရှိဆိုတာ သက်ဆိုင်ရာမှာ မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာန သော်လည်းကောင်း၊ မြေစာရင်းသော်လည်းကောင်း၊ YCDC မှာသော်လည်းကောင်း မြေပုံတွေရှိပြီး ဒီမြေပုံပေါ်မှာ မှတ်သားထားချက်အရ ဖော်ပြခြင်းဖြစ်ပါတယ်” ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။

ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါ မြေနေရာသည် မူလအိမ်ရာစခန်း Master Plan အရ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော အစိုးရမြေပိုင် မြေအလွတ်ဖြစ်ပြီး ကလေးကစားကွင်း မြေနေရာအဖြစ် သတ်မှတ်ဖော်ပြထားခြင်း မရှိကြောင်း ၀န်ကြီးက ပြောပါတယ်။

အဆိုပါ မြေနေရာမှာ ဆောက်လုပ်ထားတဲ့ တပ်မတော်ထောက်လှမ်းရေးသက်သာရန်ပုံငွေ စားသောက်ဆိုင်မှာ ၂၀၀၄ ခုနှစ်နောင်ပိုင်းမှာ ဦးအောင်ဇော်က အဆောက်အဦ ဆောက်လုပ်ပြီး စားသောက်ဆိုင် အဖြစ်လုပ်ငန်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မြေငှားရမ်းခနှုန်းထားကို ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ တစ်လလျှင် ငွေကျပ် ၂သိန်းနဲ့ တစ်နှစ်ကို ၂၄သိန်း၊ ၂၀၁၁ခုနှစ်မှ၂၀၁၇ခုနှစ်အထိ တစ်လလျှင်ငွေကျပ် ၂.၂ သိန်းနဲ့ တစ်နှစ်ကို ငွေကျပ်၂၆.၄သိန်းနှုန်းနဲ့ မြေငှားရမ်းခ ပေးသွင်းနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD