AD
AD
AD
play

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက တစ်နှစ်ကျော်ကြာ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ သရပါတံခါးကနေ အိမ်စီးကားတွေကို ဖြတ်သန်းဖို့ ပြန်လည်ခွင့်ပြုပေးမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ကနေ သိရပါတယ်။

မော်တော်ယဉ်တွေဖြတ်သန်းသွားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကြောင့် သရပါတံခါးကို ထိခိုက်မှုမရှိစေဖို့ ဖြတ်သန်းသွားလာတဲ့ ယဉ်တွေကို ၂၀၁၆ မှာ တားမြစ်ခဲ့တာဖြစ်ပါတယ်။

play

 

“ အခုလောလောဆယ်တော့ ပြန်ဖြတ်ခွင့်မပေးသေးပါဘူး။လူစီးကားလောက်ပဲ ဘယ်လောက် ဖြတ်လို့ ရမရလောက်ကို စမ်းမလို့ ရှိပါသေးတယ်။ စမ်းသပ်ကာလပဲရှိသေးတယ် ။သေချာဖွင့်မဖွင့်က စမ်းသပ်ကာလပြီးမှပဲသိမှာပါ။ အလွန်ဆုံးကြာ တစ်လပေါ့နော်။ ဒီလလောက်ကဖြစ်နိုင်တယ်။ အဲ့ဒါလည်း ကြည့်နေတုန်းပဲ။ ထိလိုက်မှုရှိရင်တော့ ပြန်ပိတ်မှာပေါ့ လူစီးကားတွေပဲ လက်ခံမှာပေါ့" လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဓူဝံ မီဒီယာကို ပြောပါတယ်။

ဒီလိုဖြတ်သန်းခွင့်ကို တစ်လလောက်ခွင့်ပြုမှာဖြစ်ပြီး ကနဦးစမ်းသပ်ခွင့်ပြုပေးတာဖြစ်တယ်လို့ ဆိုပါတယ်။၂၀၁၆ သြဂုတ်လ ၂၄ ရက်နေ့ မှာ အင်အား ၆ ဒသမ ၈ အဆင့်ရှိတဲ့ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ပုဂံက ဘုရားစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးစေခဲ့ပြီး ကားအသွားအလာ များတာကြောင့် သရပါတံခါးကို ထိခိုက်မှုမရှိစေဖို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက မော်တော်ယဉ်ဖြတ်သန်းခွင့် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD