AD
AD
AD
play

 

ရန်ကုန်မြစ်အတွင်း ရေယာဉ်၊တွဲယာဉ်ဟောင်းတွေ ကမ်းထိုးရပ်နားထားခြင်း ဖယ်ရှားဖို့ လေလံအောင်မြင်သူတွေကို အကြောင်းကြား ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

ကျင်းပနေတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲခွင့်ရှိတဲ့  ရန်ကုန်မြစ်ကြောင်းတလျှောက်၊သမ္မတကမ်းခြေတလျှောက်ရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ကုန်ပို့စက်ယာဉ်၊ တွဲယာဉ်အဟောင်းများ၊ ဒလမှော်စက်ဝန်းကျင်ရှိ ပြည်တွင်းရေး ကြောင်းပို့ဆောင်ရေး မြစ်ဝဌာနခွဲရှိ စက်ရေယာဉ်အဟောင်းများ၊ စက်ရှိ၊ စက်မဲ့တွဲရေယာဉ်များအား ရှင်းလင်းအောင် ဘယ်လိုဆောင်ရွက်နေသလဲဆိုတဲ့ မေးခွန်းကို ၀န်ကြီးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“လေလံအောင် ရေယာဉ်၊တွဲယာဉ်တွေ ဖျက်သိမ်း သယ်ယူတဲ့အခါမှာ ရေယာဉ်၊ တွဲယာဉ်ဟောင်းများအတွင်း ဝင်နေတဲ့နှုန်းတွေကို ရေတက်၊ ရေကျ ချိန်စောင့် ဆိုင်းရှင်းလင်းရာမှာ ဖျက်သိမ်းမယ့်အခါ ရေကျကို စောင့်ဆိုင်းဖျက်သိမ်းရခြင်းများကြောင့် နှောင့်နှေးမှုများရှိခဲ့ ပါတယ်” လို့ ဝန်ကြီးကပြောပါတယ်။

play

 

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ကမ်းထိုးရပ်နားထားတဲ့ ရေယာဉ်၊တွဲယာဉ်တွေနဲ့ ကာလကြာရှည်ရပ်တန့်ထားပြီး အသုံးမ၀င်တဲ့ ရေယာဉ်တွေကို အခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားဖယ်ရှားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွန်ကြားချက်နဲ့ YRTA မှ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန်မြစ်အတွင်းရှိ ဌာနပိုင် ရေယာဉ်နဲ့ တွဲယာဉ်ဟောင်း ၆၈ စီးရှိတဲ့ အနက် တချို့ယာဉ်တွေကို အိတ်ဖွင့် တင်ဒါစနစ်နဲ့ လေလံတင် ရောင်းချခဲ့ရာ လေလံအောင်မြင်တဲ့ကုမ္ပဏီက ရေယာဉ်၊တွဲယာဉ်ဟောင်းကို သယ်ယူရှင်းလင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရေယာဉ်၊တွဲယာဉ်ဟောင်း အစီးရေ ၂၀ ဖျက်သိမ်းဖို့ ကျန်ရှိနေပြီး လေလံတင်ရောင်းချဖို့လည်း ရေယာဉ်(၁၅)စီး ကျန်ရှိနေ သေးတယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD