AD
AD
AD

 

ဝန်ကြီးချုပ်ဦးနုရဲ့ နေအိမ်ပြတိုက်ကိုမေလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့  ဆရာ စံလမ်းမပေါ် ၊ပြည်ထောင်စုလမ်း၊အမှတ် ၄၂ မှာရှိတဲ ၀န်ကြီးချုပ်ဦးနုရဲ့ နေအိမ်မှာဖွင့်လှစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဦးနုရဲ့ ဘ၀ဖြတ်သန်းရာဓါတ်ပုံပေါင်း ၁၀၀၀ ကျော်ကို ပြသထားတာဖြစ်ပြီးတော့ သူကိုယ်တိုင်ရေးသားခဲ့တဲ့ စာအုပ်တွေနဲ့ သူနေထိုင်ခဲ့စဉ်ကအတိုင်းထားရှိပြသခဲ့တာပါ။

play

 

“ ဒီနေ့မေလ ၂၅ ရက်နေ့က အဖေ သက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင် အသက် ၁၁၁ နှစ်ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်လို့ ဒီလို အမှတ်တရအနေနဲ့ ပြခန်းသဘောမျိုးဖွင့်လှစ်ခဲ့တာပါ။  အဖေနေထိုင်ခဲ့စဉ်ကအတိုင်း အကုန်လုံး အတိအကျ ဖြစ်အောင်ခင်းကျင်းထားတယ်။ နောက်လူငယ်တွေကို မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်က ဒီလို ပကာသနမရှိဘဲ နေထိုင်ခဲ့တယ်ဆိုတာကို သိစေချင်လို့ ပြသတာလည်းဖြစ်ပါတယ်’’ လို့ ဦးနုရဲ့ သမီးအငယ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

play

 

ဖွင့်ပွဲကိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ပြခန်းမှာ ဦးနုရဲ့ ဘုရားဝတ်ပြုခန်း၊ နိုင်ငံရေးအဆင့်ဆွေးနွေးခန်း၊ ဧည့်ခန်းနဲ့ အိပ်ခန်းတွေကို ဦးနု နေထိုင်ခဲ့စဉ်က အသုံးပြုပြင်ဆင်ခဲ့မှုတွေအတိုင်း လက်ရာမပျက် ပြသထားပါတယ်။

play

 

ပြခန်းရဲ့ ဖွင့်ချိန်ပိတ်ချိန်ကို တော့ကန့်သတ်ထားတာမရှိသလို လက်ရှိမှာ ဘယ်နေ့တွေမှာ ဖွင့်မယ်ဆိုတာမျိုးကို သတ်မှတ်ထားတာမရှိသေးဘူးလို့ ဆိုပါတယ်။

‘ လောလောဆယ်မှာက တော့ ကျောင်းတွေကနေ ဒါမှမဟုတ်ကိုယ်တိုင် လာလေ့လာချင်ရင် ဖုန်းနံပါတ်တွေရှိပါတယ်။ဆက်ပြိးတော့ လာလို့ရတယ်။ အချိန်အတိအကျ သတ်မှတ်ပြီး နေ့ရက်အတိအကျနဲ့ဖွင့်ဖို့ကကျတော့ မေလ ၂၉ ရက်နေ့ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီးမှ တိုင်ပင်ထုတ်ပြန်ရမှာပါ။’’ လို့ စာရေးဆရာမောင်သွေးသစ်က ပြောပါတယ်။

play

 

လာရောက်ချင်တဲ့ သူတွေအနေနဲ့ ဖုန်း 09- 5084474 နဲ့ 09 253238879 ကို ဖုန်းဆက်ပြီး လေ့လာနိုင်ပါတယ်။

ဦးနုရဲ့ နေအိမ်ကို ၁၉၅၇ ခုနှစ်မှာ ဦးနုရဲ့ ဇနီးဖြစ်သူ ဒေါ်မြရီက အဆိုပါခေတ်ငွေကျပ် ၅၀၀၀ ကျပ်နဲ့ မြေ၀ယ်ယူ ဆာက်လုပ်ထားတာဖြစ်ပြီးတော့ ၁၉၉၅ ခုနှစ် ၀န်ကြီးချုပ် ဦးနု ကွယ်လွန်တဲ့အချိန်အထိ အဲ့ဒီအိမ်မှာ နေထိုင်သွားခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD