AD
AD
AD

ရန်ကုန်မြို့ တွင်း အဌားယာဉ် တွေ ဌားရမ်းတဲ့ စနစ်မှာ Kilo စနစ်နဲ့ ဌားရမ်းတဲ့ စနစ်တစ်ခု စတင်လိုက်ပြီ လို့ သိရပါတယ်။

အဌားယာဉ်တွေကို လက်တားဌားရမ်းတဲ့ စနစ်မှာ ခရီးသည်နဲ့ ယာဉ်မောင်းတွေအကြား သင့်တင့်မျှတတဲ့ဈေးနှုန်းတစ်ခုဖြစ်စေဖို့၊ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ Kilo Taxi Group တည်ထောင်သူ ကိုလင်းက ပြောပါတယ်။

play

 

“ကီလိုတက္ကစီ ဆိုတာက လက်တားပြီး ဌားရမ်းတဲ့ စနစ်ကို အခြေခံပြီး ကီလိုနဲ့ တွတ်ပြီးသွားတဲ့စနစ်ပါ။ ကီလိုစနစ်နဲ့ မီတာစနစ်မတူပါဘူး။ မီတာစနစ်ဆိုတာက ကြာချိန်၊ စောင့်ဆိုင်းချိန်၊ ယာဉ်ကြောပိတ်ဆို့ချိန်တွေအားလုံးကို ထည့်ပေါင်းတဲ့စနစ်ပါ။ ကီလိုစနစ်က ဘီးလှိမ့်မှပဲ စပြီး သတ်မှတ်တာပါ။ ဈေးကိုတော့ အပြင် လက်တားပြီးဌားရမ်းတဲ့ ဈေးနဲ့ လည်း မတိမ်းမယိမ်း၊ တခြား အက်ပလီကေးရှင်းနဲ့လဲ မတိမ်းမယိမ်းကျနော်တို့ တွက်ချက်ထားပါတယ်” လို့ Kilo Taxi Group တည်ထောင်သူ ကိုလင်းက Duwun မီဒီယာကို ပြောပါတယ်။

play
ကီလိုတက္ကစီစနစ် ဝန်ဆောင်မှုပေးသည့် တက္ကစီတစ်စီးအား တွေ့ရစဉ်

 

ဈေးနှုန်းတွေအနေနဲ့ အဌားယာဉ်ပေါ် စတတ်ပြီဆိုတာနဲ့ ငွေကျပ် ၁၃၀၀ သတ်မှတ်ထားပြီး တစ်ကီလိုကို ၃၀၀ နှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပါတယ်။ အဆိုပါ ကီလိုစနစ်နဲ့ ဌားရမ်းတဲ့စနစ်ကို ဧပြီလ ၁ ရက်နေ့က စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ၂ လကျော်ရှိနေပြီဖြစ်ကာ အဌားယာဉ်ပေါင်း ၃၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

“ ကျွန်တော် တို့ ဒီယာဉ်လိုင်းထဲဝင်ခဲ့တာ ၃ လကျော်ပါပြီ။ ခရီးသည်တွေကိုတော့ အဲယားကွန်းအပြည့်၊ ၀န်ဆောင်မှု အပြည့်ပေးထားပါတယ်။အဓိကကတော့ လက်တားဌားရမ်းတဲ့ စနစ်မှာ နိုင်ငံတကာနဲ့ အညီ အဆင့်တစ်ခု ဖြစ်စေချင်ပါတယ်” လို့ Kilo Family Group မှ တက္ကစီယာဉ်မောင်းတစ်ဦးက Duwun မီဒီယာကို ပြောပါတယ်။

အဆိုပါ ယာဉ်တွေက မြောက်ဒဂုံမြို့နယ်၊ မရမ်းကုန်းမြို့နယ် အနီးတစ်ဝိုက်နဲ့ လှည်းတန်း၊ မြေနီကုန်း တို့မှာ အများဆုံးပြေးဆွဲနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD