AD
AD
AD
play

 

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတဲ့ အချိန်တွင်း ပြည်တွင်းက ၁၄ မြို့မှာ ပုံမှန်ထက် မိုးကောင်းပြီး မြန်မာနိုင်ငံ ဒေသအနှံ့ မိုးဆက်လက်ကောင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မိုးဇလဦးစီးဌာနရဲ့ မေလ ၂၅ ရက် တိုင်းတာချက်အရ မြန်မာနိုင်ငံဒေသအနှံ့မှာ နေရာကွက် မိုးကောင်းပြီးကော့ကရိတ်၊ ကော့သောင်း၊ ပြင်ဦးလွင်၊ ခန္တီး၊ ဟိုင်းကြီးကျွန်း၊ မြိတ်၊ ခရမ်း၊ လောင်းလုံး၊ မိုင် ယန်း၊ ချောင်းဆုံ၊ မောင်တော၊ တမူး၊ ထားဝယ်နှင့် ဗန်းမော်မြို့တို့မှာ ပုံမှန်ထက် မိုးကောင်းခဲ့တယ်လို့ သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းက မေလနောက်ဆုံးပတ်မှာ မုန်တိုင်းငယ်အဆင့်ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပြီး ကမ်းရိုးတန်းဒေသများ၌လေပြင်းနဲ့ နေရာကွက်မိုးကြီးမယ့်အန္တရာယ် သတိပြုနေထိုင်ဖို့ သတိပေးထားပါတယ်။

လက်ရှိအချိန်မှာ အနောက်တောင် မုတ်သုံလေဝင်ရောက်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဒီရက်ပိုင်းအတွင်း ကျန်ဒေသတွေထက် မိုးကောင်းနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင် အမြင့် ၄ ပေ ကနေ ၇ ပေခန့်ရှိနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

ဒီနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD