AD
AD
AD
play

 

မုဒိမ်းမှူကျူးလွန်ပြီး သတ်ဖြတ်ခဲ့သူတွေကို မလွဲမသွေ သေဒဏ်ချမှတ်မယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ပြောလိုက်ပါတယ်။

မေလ ၂၅ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်က သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်ပြင်းထန်စွာ အမြန်ဆုံး အပြစ်ပေးနိုင်ရေးနဲ့ သက်ငယ်မုဒိမ်းမှုလျော့ကျရေးတို့ကို ဘယ်လိုအရေးယူနေသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ကလေးသူငယ်ကိုဖြစ်စေ၊ အရွယ်ရောက်ပြီးသူကိုဖြစ်စေ မုဒိမ်းပြုကျင့်‌ပြီး သတ်ဖြတ်ခဲ့ကြောင်းပေါ်ပေါက်ပါက တရားခံကို တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (ဃ)အရ သေဒဏ်မှအပ အခြားပြစ်ဒဏ် ချမှတ်နိုင်ခြင်းမရှိတာကြောင့် သေဒဏ်ကို မလွဲမသေ ချမှတ်ရမယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးက မုဒိမ်းမှု ရာဇသတ် ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်တဲ့ တရားခံကို ထောင်ဒဏ်အနှစ် ၂၀ ထိဖြစ်စေ၊ ၁၀ နှစ်ထိထောင်ဒဏ်တစ်မျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် မုဒိမ်းမှုကျူးလွန်သူတရားခံတွေကို ဥပဒေအရ ခွင့်‌ပြုတဲ့အတိုင်း ကြီးလေးတဲ့ အမြင့်‌ဆုံး ပြစ်ဒဏ်ချမှတ်ရင် ပြစ်မှုတွေ လျော့နည်းပပျောက်သွားမယ်လို့ ဦးသာဌေးက ပြောပါတယ်။

၂၀၁၈ ခုနှစ်ပထမလေးလတာ ကာလအတွင်း မြန်မာတစ်နိုင်ငံလိုးအတိုင်းအတာနေနဲ့ မုဒိမ်းမှု ၅၅၃ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၆၀ မှုပါဝင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD