AD
AD
AD
play

 

လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် အောင်ဘာလေထီမှာ ကျပ်သိန်း ၁,၀၀၀ နှစ်ဆုအပါ အဝင် ၂၄ ဆုတိုးမြှင့်မယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာနက ကြေညာထားပါတယ်။

တိုးမြှင့်ချီးမြှင့်မယ့်ဆုတွေက ကျပ်သိန်း ၁,၀၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀၀ နှစ်ဆု၊ ကျပ်သိန်း ၃၀၀ လေးဆု၊ ကျပ်သိန်း ၁၀၀ သုံးဆု၊ ကျပ်သိန်း ၅၀ လေးဆု၊ ကျပ်သိန်း ၃၀ ခြောက်ဆုနှင့် ကျပ် ၁၀ သိန်း သုံးဆုတို့ ဖြစ်တယ်လို့ ဒီနေ့ထုတ် 7Day သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

အောင်ဘာလေသိန်းဆုဌာနက ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၁ ရက်အထိ လေးလဆက်တိုက် ဆုမဲအရေအတွက် ပြောင်းလဲခြင်း မရှိဘဲ ယင်းလေးကြိမ်လုံး ဆုမဲ ၁၂၄,၂၀၄ ဆု ဖွင့်လှစ်ပေးခဲ့ပြီး မေလမှာ ဆုမဲအရေအတွက် ၂၄ ဆု ပြန်လည်တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်မှာ ဖွင့်လှစ်မယ့် အောင်ဘာလေထီမှာ ဆုမဲ အရေအတွက်တိုးလာပေမယ့် ဧပြီ ၁ ရက်က ဖွင့်လှစ်တဲ့ ဆုအရေအတွက်ထက် ၂၂ ဆု လျော့နည်းနေတယ်လို့ ဆိုပါတယ်။ ဒီလိုထီဆုမဲအရေအတွက် ပြောင်းလဲတာနဲ့ ထီလက်ဆုမဲပြောင်းလဲရတဲ့ အကြောင်းအရင်းကိုတော့ အောင် ဘာလေသိန်းဆုဌာနခွဲက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD