AD
AD
AD
play
ခိုကိုးရာမဲ့မြန်မာကလေးငယ်တွေအတွက် ဘော်ဒါဆောင်တခု လှူဒါန်းလွှဲပြောင်း ပေးအပ်ပွဲ မြင်ကွင်း။ Photo : Man Myo Myint

 

ထိုင်းနိုင်ငံမှာ မွေးဖွားပြီး စွန့်ပစ်ခံရတဲ့ မြန်မာကလေးငယ် တစ်သိန်းနီးပါးရှိနေတယ်လို့ ထိုင်းနိုင်ငံရှေ့နေများကောင်စီ နိုင်ငံမဲ့ရေးရာဌာနမှ ကလေးငယ်များအခွင့်အရေးလှုပ်ရှာနေသူ ရှေ့နေ နိုင်စူလဖုံး ကောင်းကျန်းတစ်က ကရင်အမျိုးသားမီဒီယာ သတင်းဌာနကို ပြောလိုက်ပါတယ်။

မေလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက မဲဆောက်မြို့ မှာ ပြုလုပ်ခဲ့တဲ့ ခိုကိုးရာမဲ့မြန်မာကလေးငယ်တွေအတွက် ဘော်ဒါဆောင်တခု လှူဒါန်းလွှဲပြောင်းပေးအပ်ပွဲမှာ ရှေ့နေ နိုင်စူလဖုံး ကောင်းကျန်းတစ်က ပြောခဲ့တာ ဖြစ်ပါတယ်။

" ကျနော်တို့ရရှိထားတဲ့စာရင်းတွေအရ ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားပြီးနောက်စွန့်ပစ်ခံရတဲ့ မြန်မာကလေးငယ် အရေအတွက်က (၉) သောင်းကျော်ရှိတယ်"လို့ နိုင်စူလဖုံးက အခမ်းအနားတက်သို့တက်ရောက်လာတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း စွန့်ပစ်ခံရတဲ့ မြန်မာကလေးငယ်အများဆုံးရှိတဲ့ ခရိုင်တွေက ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်ရိုင်တွေမှာ အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play
ခိုကိုးရာမဲ့မြန်မာကလေးငယ်တွေအတွက် ဘော်ဒါဆောင်တခု လှူဒါန်းလွှဲပြောင်း ပေးအပ်ပွဲ မြင်ကွင်း။ Photo : Man Myo Myint

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ရှိ မိဘမဲ့နဲ့ ခိုကိုးရာမဲ့မြန်မာကလေးငယ်တွေနေထိုင်တဲ့ (SAW) ဖောင်ဒေးရှင်းဂေဟာမှာ အဆောင်တွေ မလုံလောက်တဲ့အတွက် ထိုင်းနိုင်ငံသားအလှူရှင် Mr Rien Kongchantuk နဲ့ မိသားစုဝင်တွေက ထိုင်းဘတ်ငွေ (၁၁) သိန်းကျော်တန်ဘိုးရှိ နှစ်ထပ်အဆောက်အဦးကို လွဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

မဲဆောက်အခြေစိုက် အမျိုးသမီးနှင့်ကလေးငယ်များအရေးဆောင်ရွက်နေသည့် (SAW) ဖောင်ဒေးရှင်း၏ဂေဟာမှာ စွန့်ပစ်ခံမြန်မာကလေးငယ် (၁၀၀) ခန့် ခိုလှုံကာ ပညာသင်ကြား နေကြတာဖြစ်ပါတယ်။

မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေတဲံ အစိုးရမဟုတ်သော အဖွဲ့စည်းတွေရဲ့ အဆိုအရ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ စာရင်းရှိ မြန်မာအလုပ်သမားအရေအတွက်က သိန်း(၃၀) ခန့်ရှိပြီး စာရင်းမရှိတဲ့ အရေအတွက်ကလည်း ဆတူနီးပါးခန့်ရှိနိုင်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD