AD
AD
AD
play

 

တပ်မတော်အရာရှိတစ်ဦးနေအိမ်မှာ နှိပ်စက်ခံခဲ့ရလို့ သေဆုံးသွားခဲ့တဲ့ အိမ်အကူအမျိုးသမီးရဲ့ မိသားစုနဲ့ ရန်ကုန်တိုင်းလွှတ်တော် ဒုဥက္ကဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အိမ်အကူအမျိုးသမီးမှာ တွံတေးမြို့နယ် ခတ္ထိယအုပ်စု အုတ်ဖိုကျေးရွာက ဖြစ်ပြီး ကျန်ရစ်တဲ့မိသားစုတွေအတွက်ထောက်ပံ့ကြေးအဖြစ် အလှုငွေ ငွေကျပ် ၁၃ သိန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားခဲ့တဲ့ အိမ်အကူအမျိုးသမီးဖြစ်စဉ်ကို တရားမျှတမှု ရရှိရေးကော်မတီက အနီးကပ် စောင့်ကြည့်နေတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး နှင့် တိုင်ကြားစာများ၊ အသနား ခံစာများစိစစ်ရေးကော်မတီအဖွဲ့ဝင် မင်္ဂလာတောင်ညွန်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးရန်အောင်က ဓူဝံ မီဒီယာကို ပြောပါတယ်။

ဒါ့အပြင် နစ်နာသူမိသားစုတွေကို ထောက်ပံ့ငွေတွေပေးနိုင်ဖို့ ဘဏ်အကောင့်ဖွင့်ဖို့စီစဉ်နေပြီး လက်ရှိမှာတော့ နစ်နာတဲ့ မိသားစုကို လှူဒါန်းထားတဲ့ အလှုငွေပေါင်း နှစ်ဆယ့်တစ်သိန်းကျော်ရရှိထားတယ်လို့ သိရပါတယ်။

play

 

လက်ရှိအချိန်မှာတော့ အိမ်အကူ အမျိုးသမီးကိုစွပ်စွဲကာ သေဆုံးအောင်အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဥပဒေရဝန်ထမ်း အမျိုးသမီးကို အမှုဖြစ်စဉ် ကို စောင့်ကြည့်နေပြီး လိုအပ်တာရှိရင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောထား ပါတယ်။

အင်းတိုင် သံချပ်ကာတပ်ရင်းရှိ အရာရှိရိပ်သာမှာ နေထိုင်သူဖြစ်တဲ့ ဥပဒေ၀န်ထမ်း ဒေါ်သိင်္ဂီစုက အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးက ဆွဲကြိုးခိုးတယ်လို့ စွပ်စွဲပြောဆိုပြီး ခြေထောက်နဲ့ကန်ပြီး ကျောက်ပြင်နဲ့ထုတာတွေ ပြုလုပ် ပြုလုပ်ခဲ့လို့ ကရင်မ (ခ) မခင်စန္ဒာဦးရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ရင်ဘတ်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ဖို့ ပြင်ဆင်နေချိန်မှာ သေဆုံးသွားတာကြောင့် ရာအိမ်မှူး ဦးအေးသောင်းက အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်ကို တွံတေးမြို့နယ် ခလောက်ချိုက်နယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)နဲ့ အမှုဖွင့်ထားပြီး ဥပဒေအရာရှိ အမျိုးသမီးကို ရမန်ယူပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD