AD
AD
AD
play

 

ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုတာတွေနဲ့ပတ်သက်ပြီး သတင်းပေးတိုင်ကြားနိုင်ဖို့အတွက် ၂၄ နာရီ ဆက်သွယ် တိုင်ကြားနိုင်မယ့် ဖုန်း နံပါတ်နှစ်ခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

၀၆၇-၄၀၄၂၂၂ နှင့် ၀၆၇- ၄၀၄၉၉၉ သို့  တိုင်ကြားသူရှိလာပါက မှတ်တမ်းယူပြပီး တာဝန်ရှိသူအဆင့်ဆင့်ထံ ချက်ချင်းတင်ပြအသိ ပေးရတယ်လို့ တာဝန်ကျဝန်ထမ်းတစ်ဦးက 7Day သတင်းစာကိုပြောပါတယ်။

‘မတရားနှိပ်စက်ခံရတာ တွေ၊ သက်ငယ်မုဒိမ်းတွေ၊ လူကုန် ကူးခံရတာတွေကို အမြန်ဆုံးအ ကြောင်းကြားမှ ကျွန်တော်တို့က အချိန်တိုအတွင်း ပူးပေါင်းဆောင် ရွက်နိုင်မယ်။ လူငယ်တွေ၊ က လေးတွေ၊ အမျိုးသမီးတွေကြား မှာ မတရားခံရတာတွေရှိခဲ့ရင် ကာကွယ်ပေးဖို့ လိုတယ်။ ဒါ ကြောင့် ဒီဖုန်းနံပါတ်တွေ ကြေညာတာဖြစ်ပါတယ်’’လို့ ဆိုပါတယ်။

ဥပဒေအရာရှိအမျိုးသမီးရဲ့နေအိမ်မှာ အိမ်အကူအလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးရိုက် နှက်ခံရပြီး သေဆုံးခြင်း၊ ဘုန်းကြီးကျောင်းမှာ နေထိုင်ပြီး ကျောင်းတက်နေတဲ့ ကလေးတချို့ အဓမ္မပြုကျင့်ခံရတာတွေနဲ့ မွေးစားခံကလေးငယ်တစ်ဦး အာဟာရ ပြတ်သေဆုံးတဲ့ သတင်းတွေ ထွက်ပေါ်နေတုန်းမှာ ၀န်ကြီးက အဆိုပါဖုန်းနံပါတ်တွေကို မေလ ၂၅ ရက်မှာ အသိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD