AD
AD
AD
play

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အမှတ်စာရင်းတွေကို လာမယ့် ဇွန်လ ၄ ရက်က စတင်ပြီး ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါအမှတ်စာရင်းတွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(လှိုင်တက္ကသိုလ်နယ်မြေ)၊ ဇွဲကပင်ဆောင်နဲ့ နေပြည်တော် ရုံးအမှတ် (၅၂) တို့မှာ ဖြေဆိုသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလာရောက် ဖြေဆိုသူအမည်နဲ့ ခုံနံပါတ်တင်ပြပြီး ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

"အမှတ်စာရင်းသိရဖို့ ချက်ချင်းကိုဆောင်ရွက်နေပါတယ်။ အောင်စာရင်းထွက်ဖို့အတွက်က သီးခြားလုပ်ရတာကြောင့် အောင်စာရင်းပြီးတာနဲ့ အမှတ်စာရင်းထုတ်ပေးဖို့ဆောင်ရွက်ရပါတယ်။ ချက်ချင်းပြင်ဆင်ဆောင်ရွက်မှုတွေလုပ်နေပြီး တစ်ပတ်အတွင်းအမှတ်စာရင်းထုတ်ပြန်မှာပါ"လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ဇွန်လ ၂ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပြောခဲ့ပါတယ်။

play

 

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး ဖြေဆိုသူပေါင်း ၇၈၉၈၄၅ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာမှာ ၂၅၉၁၉၁ ဦး အောင်မြင်ခဲ့တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်သူ ၃၂.၈၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာ မန္တလေးတို်င်းဒေသကြီးက ၃၈ ဒသမ ၁၇ ရာခိုင်နှုန်းနဲ့ အောင်ချက် အကောင်းဆုံးဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတော့ ၃၇ ဒသမ ၅၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေကာ မွန်ပြည်နယ်က ၃၇ ဒသမ ၄၂ ရာခိုင်နှုန်းနဲ့ တတိယအောင်ချက်အကောင်းဆုံး ပြည်နယ်ဖြစ်ခဲ့ပါတယ်။

ဒီနှစ်မှာ ချင်းပြည်နယ်က အောင်ချက်အနည်းဆုံးပြည်နယ်ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂုဏ်ထူးထွက်သူဦးရေ ၇၅၇၅၆ ဦးရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD