AD
AD
AD
play

 

တစ်နိုင်ငံလုံးမှာရှိတဲ့  အကျဥ်းထောင်တွေကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူဦးရေ ၄၇ ဦးရှိတယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအနှံ့ ထောင်တွင်းဖြေဆိုသူ ၁၀၄ ဦးရှိခဲ့ပြီး အောင်မြင်သူ ၄၇ ဦးထဲက ကျား၄၃ ဦး၊ မ ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။

"မနှစ်ကလွတ်ငြိမ်းထဲပါတာတွေရှိတော့ မျှော်လင့်ချက်ကလေးနဲ့ ဖြေတဲ့သူပိုများလာတယ် ကြိုးစားကြတယ်။ တက္ကသိုလ်မှာသင်တဲ့သူတွေ ထောင်ကျလာတာရှိတာ့ စာပြန်သင်ပေးတယ်။ ကျောင်းဆရာလုပ်ရင်းနဲ့ ကျတာတွရှိတယ်။ ဘာသာရပ်ကျွမ်းကျင်သူတွေလည်း ရှိတယ်။ ကျောင်းသားတစ်ယောက်ကို အရာရှိတစ်ယောက်စီ ကြီးကြပ်တယ်။ သူတို့ စားရေးနေရေးကအစ အားလုံးတာဝန်ယူတယ်။ အကျဉ်းသားကျောင်းဆရာတွေနဲ့ သင်တယ်။ အချိန်ပိုသင်ပေးတာတွေလည်းရှိတယ်။ အောင်ချက်ပိုကောင်းလာပါတယ်’ လို့ ဦးမင်းထွန်းဦးက ပြောပါတယ်။

ထောင်တွင်း စာမေးပွဲဖြေဆိုကြရာမှာ မန္တလေးနဲ့ အင်းစိန်ထောင်က အောင်ချက်ပိုကောင်းနေပြီး နှစ်ခုပေါင်း သုံးသာဘာ ၅ ဦး ၊နှစ်ဘာသာ ၅ ဦး ၊တစ်ဘာသာ ၁၈ ဦးဂုဏ်ထူးထွက်သူရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်အောင်ချက်ရာခိုင်နှုန်းက ၄၅.၁၉ ရာခိုင်နှုန်းရှိပြီး ယမန်နှစ် ၃၉.၀၂ ရာခိုင်နှုန်းထက် ပိုများလာတာဖြစ်တယ်လို့ သိရပါတယ်။

အောင်မြင်သူတွေထဲမှာ မူးယစ်မှုနဲ့ ထောင်ကျနေသူတွေ အများဆုံးပါဝင်နေပြီး အာင်မြင်သူအားလုံးကို ဂုဏ်ပြုအစီအစဉ်ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အောင်မြင်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အကျဉ်းဦးစီးဌာနက စာရင်းပြုစုပြီး ပြည်ထဲရေးဝန်ကြီးဌာနက နေတစ်ဆင့် အစိုးရကို တင်ပြသွားမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD