AD
AD
AD
play
ရန်ကုန်မြို့ ကမာရွတ်တီတီစီကျောင်းပတ်ဝန်းကျင်တွင် ရပ်ထားသော ကျောင်းကားများကိုတွေ့ရစဉ်။

 

ရန်ကုန်မြို့ ပြည်လမ်းမပေါ် ကမာရွတ်တီတီစီကျောင်းကိုလာရောက်တဲ့ ကျောင်းကြိုပို့ယာဉ်တွေအနေနဲ့ သတ်မှတ်စည်းကမ်း မလိုက်နာရင် ဇွန်လ ၄ ရက်က စတင်ပြီး ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆွဲကားတွေနဲ့ဆွဲပြီး အရေးယူသွားမယ်လို့ သိရပါတယ်။

လက်ရှိပညာသင်နှစ်မှာ မာရွတ်တီတီစီကျောင်းဝင်းပတ်လည်မှာ School Ferry နဲ့ School Bus တွေရပ်နားဖို့နေရာတွေ သတ်မှတ်ထားပြီး ကျောင်းကြို၊ ပို့ အိမ်စီးယာဉ်တွေကို ရပ်တင်ချစနစ်နဲ့ပဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

‘‘ယာဉ်စည်းကမ်းထိန်းသိမ်းရေးကနေ ပြည်လမ်းပေါ်မှာ စည်းကမ်းနဲ့ မညီညွတ်ဘဲရပ်ထားလို့ လာပြောထားတာပေါ့။ သူတို့ဘက်က ဒီအတိုင်း မဆွဲချင်သေးဘူး။ ဆရာမကြီးတို့ဘက်က တစ်ခုခုကြေငြာပေးပါဆိုလို့ ကြေငြာပေးတာ။ ကားတွေက အခုရှင်းနေတယ်။ သုံးနာရီခွဲဆိုရင်တော့ အကုန်ရှင်းသွားပြီ။ အခုက ကျောင်းအောက်က School ferry တွေက အခု ကျောင်းသားတွေကို ထိုးကြိတ်ထည့်တာတွေ ပိုက်ဆံပိုကောက်နေတာတွေကို ပြန်စိစစ်နေတယ်’’လို့ ကမာရွတ် တီတီစီကျောင်းအုပ်ကြီး ဒေါက်တာဒေါ်မိုးသူက ဓူဝံ မီဒီယာကို ဇွန်လ ၄ ရက်နေ့က ပြောပါတယ်။

play
ရန်ကုန်မြို့ ကမာရွတ်တီတီစီကျောင်းပတ်ဝန်းကျင်တွင် ရပ်ထားသော ကျောင်းကားများကို တွေ့ရစဉ်။

 

ရန်ကုန်ပညာရေး တက္ကသိုလ်ရှေ့နှင့် တီတီစီ (ပြည်လမ်း)  ကျောင်းရှေ့မိန်းပေါက်ဝလမ်း တစ်လျှောက်၊ ဆေးကျောင်းလမ်း ကြား(ကျောင်းနောက်လမ်း) တစ်လျှောက်၊ သထုံလမ်းပေါ် (ဘောလုံးကွင်းဘေး) စတဲ့ ကျောင်းပတ်လည်နေရာတွေကို School Bus နဲ့ School Ferry တွေ ရပ်နားဖို့ သတ်မှတ်ထားပါတယ်။

ကျောင်းကြိုပို့ အိမ်စီးယာဉ်တွေအနေနဲ့ ကျောင်းပို့ချိန်မှာ ရပ်တင်ချစနစ်နဲ့ သွားဖို့၊ ကျောင်းကြိုချိန်မှာ ကျောင်းကားရပ်တဲ့ နေရာအလွန်မှာပဲ ရပ်ဖို့၊ ကျောင်းကား၊ အိမ်စီးကားတွေက ပြည်လမ်းမပေါ် ရပ်နားတာတွေပြုလုပ်ရင် ဆွဲကားတွေနဲ့ဆွဲမယ်လို့ ကြိုတင်အသိပေးထားပါတယ်။ 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD