AD
AD
AD
play

 

လှိုင်သာယာမြို့နယ်မှာ အငှားယာဉ်မောင်းထံမှ ယာဉ်ကိုလုယက်သွားသူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၃ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က ဦး----မောင်းနှင်လာတဲ့ ယာဉ်အမှတ် 7E------- PROBOX အမျိုးအစား အဖြူရောင် အငှားယာဉ်ကို အလုံမြို့နယ်၊ သစ်တောမှတ်တိုင်နားအရောက်မှာ အမျိုးသားနှစ်ဦးက လှိုင်သာယာမြို့နယ်၊ သမကုန်းသို့ ငွေ ၅၀၀၀ ကျပ်နဲ့ ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

ကားငှားခဲ့တဲ့သူတွေက လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်အရောက်မှာ ယာဉ်နောက်ခန်းကနေ လိုက်ပါလာတဲ့ အမျိုးသားက ယာဉ်မောင်း ဦး-----ရဲ့ လည်ပင်းကို သိုင်းဖက်ပြီး ရှေ့ခန်းမှာလိုက်ပါလာသူ အမျိုးသားက ကားသော့ပိတ်ကာ ယာဉ်မောင်းကို ကားပေါ်က ဆင်းခိုင်းပြီး ကားကိုမောင်းနှင်လုယူသွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းသူရဲ့တိုင်ကြားချက်အရ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဆောင်ရွက်ခဲ့ရာ အဆိုပါအငှားယာဉ်က တိုက်ကြီးမြို့နယ် ဘက်သို့ မောင်းနှင်သွားတာ စုံစမ်းသိရှိခဲ့ရလို့ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖမ်းဆီးခဲ့ရာ ဒီနေ့ (ဇွန်လ ၄ ရက်) မနက် ၂ နာရီ ၄၅ မိနစ်မှာ အဌားယာဉ်နဲ့ လုယက်သွားတဲ့သူတွေဖြစ်တဲ့ လှိုင်သာယာမြို့နယ်နေထိုင်သူတွေဖြစ်တဲ့ သန့်ဇင်(၂၄) နှစ်နဲ့ အောင်သော်ကို (၂၇)နှစ် တို့ကို တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်မှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း(ပ) ၅၉၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး အခြားပြစ်မှုတွေ ကျူးလွန်ထားခြင်း ရှိ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD