AD
AD
AD
play
ပတ်စ်ပို့ပြုလုပ်ရန်တန်းစီနေသူများကို ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးရှေ့တွင်တွေ့ရစဉ်။ Photo : Aung Shin

 

ပတ်စ်ပို့ပြုလုပ်ရာမှာ သတ်မှတ်ထားတဲ့ကျပ်နှစ်သောင်း ခွဲထက် ပိုကောက်ခံတာတွေကို သက်သေအထောက်အထား မှတ်တမ်းမှတ်ရာနဲ့ အသိပေးတိုင်ကြားရင် စစ်ဆေးအရေးယူသွားမယ်လို့ မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

“ပတ်စ်ပို့လျှောက်သူတွေ မြင်နိုင်တဲ့ နေရာအားလုံးမှာ ကုန်ကျစရိတ်စာရင်းကို စာနဲ့ရေးပြီးတော့ ကပ်ပေးထားပါတယ်။ မဆိုင်ဘဲ ပိုတောင်းတယ်ဆို မှတ်တမ်း မှတ်ရာနဲ့ အချိန်မရွေး တိုင်ပါ။ ကျွန်တော်တို့ စစ်ဆေး အရေးယူပေးမယ်”လို့ အဆိုပါအရာရှိက The Voice သတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် ဘယ်လိုစောင့်ကြည့်အရေးယူမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အဆိုပါအရာရှိက ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူးလို့ လိုပါတယ်။

play
Photo : Wai Linn

 

လက်ရှိစနစ်အရ ပတ်စ်ပို့လျှောက်ထားသူတွေရဲ့ မျက်ကြည်လွှာ မှတ်တမ်းယူတဲ့နေရာမှာ တစ်ဦးကို ဓာတ်ပုံဖိုး ငါးထောင်ကျပ်ကို ထည့်သွင်း ကောက်ခံနေတယ်လို့ ပတ်စ်ပို့လျှောက်သူ အများစုက အတည်ပြုပြောကြားထားတယ်လို့ ဆိုပါတယ်။

ပတ်စ်ပို့ပြုလုပ်ရာမှာ မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်ဖိုး) ၁၉၀၀၀ ကျပ်၊ အွန်လိုင်းဝန်ဆောင်ခ ၁၀၀၀ ကျပ်၊ မနလ ဆေးဖိုး၊ မင်ဖိုးနဲ့ ပြုပြင်ထိန်းသိမ်းခ ၁၀၀၀ ကျပ်၊ ဓာတ်ပုံဖိုး ၂၀၀၀ ကျပ်၊ လျှောက်လွှာပုံစံဖိုး ၂၀၀ ကျပ်၊ စက်ပစ္စည်းနဲ့ ဝန်ဆောင်ခ ၁၈၀၀ ကျပ်အပါအဝင် စုစုပေါင်း နှစ်သောင်းခွဲကျပ်ပေးသွင်းဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးနိုင်တဲ့ရုံးပေါင်း ၂၀ ခန့်ကို နယ်စပ်ဒေသ၊ ပြည်နယ်နဲ့တိုင်း အသီးသီးတို့မှာ ဖွင့်လှစ်ထားပြီး နေ့စဉ် ပတ်စ်ပို့လျှောက်ထားသူ နှစ်ထောင်ကျော်ရှိနေတယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD