AD
AD
AD
play


နေ့စဉ် ပလက်စတစ်တန်ချိန် ၂၀၀ ခန့်လောက်က မြန်မာပြည်တွင်းက မြစ်တွေထဲမှာစီးဝင်နေတာကြောင့် ပလတ်စတစ်လျော့သုံးရေးအတွက် ပလက်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး လှုပ်ရှားမှုကို ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုကို ပလတ်စတစ်အသုံးပြုမှု လျော့ကျစေဖို့အတွက် အမျိုးသားအဆင့် အများပြည်သူ အသိပညာပေးလှုပ်ရှားမှုအစီအစဉ်ကို ဥရောပသမ၈္ဂရဲ့ ပံ့ပိုးကူညီမှုနဲ့ သန့်မြန်မာက ဒီနေ့ (ဇွန်လ ၄ ရက်) က ရန်ကုန်မြစ်ကမ်းမှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မြစ်တွေထဲကို နေ့စဉ် အမှိုက်ကားကြီးအစီး ၁၀၀ နဲ့ ညီမျှတဲ့ ပလတ်စတစ်တန်ချိန် ၂၀၀ ခန့် နေ့စဉ်စီးဝင်နေတာဖြစ်ပြီး ဧရာဝတီမြစ်က ကမ္ဘာပေါ်မျာ န၀မမြောက် အဆိုးဆုံးညစ်ညမ်းမှု စာရင်းဝင်ဖြစ်နေတယ်လို့ သိရပါတယ်။

“၂၀၃၀ မှာ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်နဲ့ ပါတ်သတ်တာတွေကို လျော့ချပြီး လုံးဝမရှိတော့အောင် တားဆီးသွားမှာပါ။ ဒါက အီးယူကနေချမှတ်တဲ့ သိသာထင်ရှားတဲ့ ရလဒ်ပေါ့။ အမှိုက်နဲ့ ပါတ်သတ်ပြီးက အာရှမှာ အများဆုံးဖြစ်နေပါတယ်။ ပလတ်စတစ်နဲ့ ပတ်သတ်ပြီး အညစ်ညမ်းဆုံးဖြစ်နေတဲ့ မြစ်၁၀ ခုမှာ ၇ ခုလောက်က အာရှက မြစ်တွေ ဖြစ်နေပါတယ်။ ဧရာဝတီမြစ်ကလည်း ကမ္ဘာ့အညစ်ညမ်းဆုံး မြစ် ၁၀ စင်းထဲမှာ နံပါတ်ကိုးနေရာမှာ ရှိနေပါတယ်"လို့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ် H.E Mr.Kristian Schmidt က အဆိုပါ ကမ်ပိန်းအခမ်းအနားမှာ ပြောပါတယ်။

play
ပလက်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း ရန်ကုန်မြစ်ထဲတွင် အမှိုက်ကောက်နေသည့် EU သံအမတ်ကြီး။ Photo : EU

 

ရန်ကုန်မှာနေ့စဉ် ပလတ်စတစ်အိတ်ပေါင်း သန်း၂၀ သုံးစွဲနေပြီး စွန့်ပစ်ထားတဲ့ ပလတ်စတစ်အမှိုက်တွေက မြစ်တွေ၊ကမ်းခြေတွေမှာ သွားရောက်စုပုံနေကာ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ်ဆွေဇင်ထိုက်က ပလတ်စတစ်လျော့သုံးဖို့ အခုလိုတိုက်တွန်းထားပါတယ်။

"ဧရာဝတီမြစ်မှ မဟုတ်ဘူးပေါ့နော်။ မြစ်တိုင်းက အမှိုက်တွေစုပုံနေတာပဲ။ လူမျိုးအလိုက်နိုင်ငံအလိုက် ကြိုးစားပေးရမှာပဲ။ မြေပေါ်မြေအောက် သယံဇာတအားလုံးအတွက် တစ်ကိုယ်ချင်းစီက စပြီးလျော့ပေးရမှာပဲ။ အဲ့ဒီလိုဆိုရင် ပိုကောင်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်"လို့ ဆိုပါတယ်။

EU အနေနဲ့ ပလတ်စတစ်နည်းဗျူဟာအရ ပလတ်စတစ်နဲ့ ပတ်သတ်ပြီး ပြန်လည်အသုံးပြုနိုင်တဲ့ အမျိုးအစားကို သုံးဖို့၊ တစ်ခါသုံးပလတ်စတစ် ပစ္စည်း ၁၀ မျိုးဖြစ်တဲ့ နားကြပ်တံ ၊ ဇွန်းခက်ရင်း၊ ပန်းကန်၊ဖျော်ရည်ပိုက်၊ သကြားလုံးခွံတွေနဲ့ အိတ်ခွံတွေကို ပိတ်ပင်သွားမှာဖြစ်ပြီး ဆိုးကျိုးမရှိနိုင်တဲ့ ထုတ်ကုန်တွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD