AD
AD
AD

 

Marry .com.mm ကနေ 2018 မှာခေတ်စားမယ့် မင်္ဂလာဝတ်စုံတွေပြသသွားမယ့် Eternal Flame of Love  wedding fair ပွဲ့ကိုလာမယ့် ဇွန်လ ၂၃၊၂၄ ရက်နေ့မှာ Melia Hotel မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

မင်္ဂလာဆောင်မယ့် မောင်နှံတွေအတွက် ဆိုင်ခန်းပေါင်း ၄၀ ကျော်နဲ့ ၂၀၁၈ အတွက် ခေတ်စားမယ့် မင်္ဂလာဝတ်စုံတွေ ပါဝင်ပြသမယ့် ဒီပွဲမှာ နာမည်ကြီးဒီဇိုင်နာ လေးဦးဖြစ်တဲ့ မပုံ( My Favourite), လတ်လတ်( လေဒီ boutique) ၊ဖြိုးကို (Extraordinary fashion) ဒီဇိုင်နာ Shartra တို့ရဲ့ မင်္ဂလာ ၀တ်စုံတွေကို ပြသသွားမှာဖြစ်ပါတယ်။

 ‘ကျွန်တော်တို့ ပွဲပြုလုပ်မယ့်နှစ်ရက်စလုံးမှာ ကျွန်တော်တို့ရဲ့ စပွန်ဆာကုမ္ပဏီတွေနဲ့ မိတ်ဖက်ကုမ္ပဏီတွေကအကြံပေးကူညီမယ့် မင်္ဂလာပွဲတစ်ခုလုံးအတွက် ပြင်ဆင်ဖို့ အထောက်အကူပြုမယ့် အစီအစဉ်တွေအပြည့်ပါပဲ။ ပြီးတော့ နာမည်ကြီးဒီဇိုင်နာတွေရဲ့ အကောင်းဆုံးဝတ်စုံတွေကိုပြသမယ့် ညဘက်ရှိုးအစီအစဉ်တွေလည်းပါဝင်ပါတယ်။ တကယ့်ကို အကောင်းဆုံးပွဲဖြစ်မှာပါ ’ လို့ IM Ringier ရဲ့ General Manager Mr.Jesse Gage ကပြောပါတယ်။

play

 

ဆိုင်ခန်းပေါင်း ၄၀ ကျော်ပါဝင်မယ့် ဒီမင်္ဂလာပြပွဲမှာ မိတ်ကပ်ပညာရှင် လင်းလင်းနဲ့ မေဦးတို့ရဲ့ပြင်ဆင်ပေးမှုနဲ့ နာမည်ကြီးမော်ဒယ်တွေက ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

‘မင်္ဂလာဆောင်မယ့်စုံတွဲတွေအနေနဲ့ ဆိုင်ခန်းပေါင်း ၄၀ ကျော်ကနေ လျော့ဈေးတွေနဲ့ ကံစမ်းမဲအစီအစဉ်တွေကို ဈေးသက်သက်သာသာနဲ့ လာရောက်လေ့လာနိုင်မယ် ။ နောက်မယ်ရီရဲ့ ကောင်တာမှာ ဗလာမပါကံစမ်းမဲတွေလည်းပါမယ်။အထူးဆုအနေနဲ့လည်း ဘာလီက Melia ဘာလီဟိုတယ်မှာ ငါးညအိပ် ခရီးစဉ်ကို လည်း ကံစမ်းခွင့်ရမှာပါ။ ’ လို့  Marry.com.mm က General Manager မအိအိဖြိုးဇော်က ပြောပါတယ်။

ဒါ့အပြင် Bride to be လို့ ခေါ်တဲ့ အစီအစဉ်တစ်ခုလည်းပါဝင်သွားမှာဖြစ်ပြီးတော့ မင်္ဂလာဝတ်စုံတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပြီး ဓါတ်ပုံရိုက်လို့ ရတဲ့ အစီအစဉ်တွေလည်းပါဝင်သွားမှာဖြစ်ပါတယ်။

play

 

Marry .com.mm ဟာ မင်္ဂလာဆောင်မယ့်သူတွေအတွက် အသုံးဝင်မယ့် လမ်းညွှန်ဆောင်းပါးတွေ၊ မင်္ဂလာဆောင်နဲ့ ပါတ်သတ်တဲ့ ဆိုင်ခန်းတွေနဲ့ အတူ မင်္ဂလာဆောင်နဲ့ ပါတ်သတ်တဲ့ဆိုင်ခန်းတွေမှန်သမျှကို ဖော်ပြပေးတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD