AD
AD
AD

 

ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် လူသားတွေရဲ့ ကျန်းမာရေးအပေါ်ထိခိုက်ပျက်စီးစေပြီး သက်ရှိတွေပျက်စီးဆုံးရှုံးစေနိုင်တဲ့အပြင် လူသားတွေရဲ့ အစားအစာနဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေနိုင်တယ်လို့ နေပြည်တော်မှာပြုလုပ်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နေရာအနှံ့အပြားမျာ ဂေဟစနစ်တွေပျက်စီးလာတာ၊ ဇီဝမျိုးကွဲတွေ လျော့နည်းလာတာ၊ ရေအရင်းအမြစ်ရှားပါးလာတာ၊ လေထု၊ရေထုညစ်ညမ်းလာတာစတဲ့ပတ်ဝန်းကျင်ယိုယွင်းပျက်စီးတဲ့ ပြသနာတွေကြုံတွေ့နေရပြီး ပလတ်စတစ်စွန့်ပစ်တာတွေကြောင့် အလေးထားဆောင်ရွက်ရမယ့် ကိစ္စတစ်ခုဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှု ကို တိုက်ဖျက်စို့ ဆိုတဲ့ဆောင်ပုဒ်ကို ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်အဖြစ် သတ်မှတ်ထားပြီး တစ်ခါသုံးပလတ်စတစ်ပစ္စည်းထုတ်လုပ်သုံးစွဲမှုကို လျော့ချဖို့ ၊ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းတည်တံ့စေမယ့် နည်းလမ်းတွေကို မျှဝေပြီး ပူးပေါင်းရှာဖွေ ဖော်ထုတ်ဖို့ တိုက်တွန်းထားတာဖြစ်တယ်လို့ သိရပါတယ်။

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနဲ့ ပါတ်သတ်ပြီး မြန်မာနိုင်ငံမှာ စိမ်းလန်းသန့််ရှင်းပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင် ဖော်ဆောင်ဖို့ မျှော်မှန်းပြီး အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဗျူဟာနဲ့ လုပ်ငန်းစဉ်ရေးဆွဲထားပြီးဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

စွန့်ပစ်ပစ္စည်းအားလုံးရဲ့ ၁၀ ရာနှုန်းက ပလတ်စတစ်တွေဖြစ်ပြီး ပင်လယ်၊သမုဒ္ဒရာတွေအတွင်းကို နှစ်စဉ်ရောက်သွားတဲ့ ပလတ်စတစ်ပမာဏက အနည်းဆုံး တန်ချိန် ၈ သန်းခန့်ရှိနေတယ်လို့ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD