AD
AD
AD

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံနဲ့ ကုလအေဂျင်စီတွေအကြားနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဇွန်လ ၆ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးကနေ သတင်းထုတ်ပြန်ပါတယ်။

မြန်မာအစိုးရ၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကုလ သမဂ္ဂအေဂျင်စီတွေဟာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထော်ကအကူပြုဖို့ လက်မျတ်ရေးထိုးခဲ့ရာမှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်( UNDP) နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတို့ရဲ့ ဖိတ်ခေါ်မှုအရ လက်မှတ်ရေးထိုးတာဖြစ်တယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာသူများအရေးနဲ့ပါတ်သတ်ပြီး မြန်မာအစိုးရရဲ့ ဘက်စုံလွှမ်းခြုံတဲ့ဖြေရှင်းချက်တွေ၊ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်အကောင်ထည်ဖော်ဆောင်ရွက်မှုတွေကို  UNDP နဲ့ UNHCR တို့ရဲ့ ထောက်ခံမှုအရ အဲ့ဒီ နားလည်မှုစာချွန်လွှာမှာအတည်ပြုထားပါတယ်။

play

 

အဲ့ဒီစာချွန်လွှာအရ  နေရပ်စွန့်ခွာသူတွေ မိမိဆန္ဒအလျောက် ပြန်လာရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ နဲ့ ရှေ့ပြေးစိမံကိန်းတွေ ဆောင်ရွက်ဖို့ ဆန်းစစ်မှုတွေ ပြုလုပ်ဖို့ နဲ့ အသိုင်းအ၀ိုင်းအားလုံးကို အကျိုးဖြစ်ထွန်းစေမယ့် အတူယှဉ်တွဲနေထိုင်ဖို့ ရှေ့ပြေးစီမံကိန်းနဲ့ အခြားစီမံကိန်းတွေကို တွေုအကောင်အထည်ဖော်ရာမှာ UNHCR အနေနဲ့ မြန်မာအစိုးရကို အထောက်အပံ့ပြုသွားမှာဖြစ်ပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုကုလဖွံ့ဖြိုးရေးအစီအစဉ်နဲ့ အတူ ဆောင်ရွက်သွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ကုလဖွံ့ဖြိုးမှုအစီအစဉ်အနေနဲ့ ပြန်လည်တည်ထောင်ရေးနဲ့ ပါတ်သတ်ပြီး  ဖွံ့ဖြိုးရေးလုပ်ငန်းစဥင်္တွေအတွက်စီမံကိန်းတွေ ရေးဆွဲဖို့ ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အထောက်အပံ့ပြုသွားမယ်လို့လည်း သိရပါတယ်။

၂၀၁၇ နိုဝင်ဘာလမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား လက်မှတ်ရေးထိုးခဲ့တဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို သဘောတူခဲ့ပါတယ်။  နားလည်မှုစာချွန်လွှာအား ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ကနဦးလက်မှတ်တို ရေးထိုးခဲ့ပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးသည့်နောက် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD