AD
AD
AD

အလှပြင်ဆိုင်လုပ်ငန်းကို ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသူ ၁၇ ဦးနဲ့ ဆိုင်မန်နေဂျာအပါအ၀င် ဆိုင်ဝန်ထမ်း ၁၂ ဦးတို့ကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ တောင်ဥက္ကလာ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

 ဒီနေ့ ရုံးထုတ်ရာမှာ တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်ကို စတင်စစ်ဆေးခဲ့ပြီး လက်ရှိအချိန်ထိတော့ အဆိုပါ ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ တောင်ဥက္ကလာ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ရွှေဌေးက ပြောပါတယ်။

‘ဆိုင်ရှင်ကိုတော့ ကျွန်တော်တို့ ဘယ်သူဆိုတာကို တော့ သိထားပါတယ်။ သူ့ရဲ့ ပတ်စ်ပို့တွေဘာတွေ အကုန်ရထားပါပြီ။ လောလောဆယ်တော့ ရှာတုန်းပါ။ လောလောဆယ်တော့ လေဆိပ်ကတော့ မထွက်သေးဘူးသိရပါတယ်။အခု မိထားတဲ့သူတွေက ပတ်စ်ပို့ ဗီဇာအကုန်ရှိပါတယ်။ဗီဇာက Business ဗီဇာပါ။တရားဝင်လေကြောင်းနဲ့ ရောက်လာသူတွေပါ ’ လို့သူက ပြောပါတယ်။

အဆိုပါ အမှုနဲ့ ပတ်သက်ပြီး ဇွန်လ ၂၀ ရက်နေ့ကို နောက်ထပ်ရုံးချိန်းချိန်းဆိုထားတယ်လို့ သိရပါတယ်။

play

 

ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသူ ၁၇ ဦးကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ (၃) ၁ နဲ့ တရားစွဲဆိုထားပြီး ဆိုင်မန်နေဂျာအပါအ၀င် ဆိုင်ဝန်ထမ်း ၁၂ ဦးတို့ကိုတော့ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၅(၁) နဲ့ တရားစွဲဆိုထားတယ်လို့ အဆိုပါ ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မမိုးမိုးတို့ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သိန်းကပြောပါတယ်။

“Spa မှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတွေရော၊ သန့်ရှင်းရေးလုပ်ဖို့ဌားထားတဲ့ အလုပ်သမားတွေရော၊ လားရှိုး၊ကွတ်ခိုင်ကနေ အွန်လိုင်းကနေ အလုပ်ခေါ်လို့ လာလျှောက်လို့ အလုပ်လုပ်တဲ့သူတွေကိုပါ ပုဒ်မ ၅ (၁) နဲ့ စွဲဆိုထားပါတယ်။ ပြည့်တန်ဆာတွေကိုတော့ ပုဒ်မ ၃ (၁) နဲ့ စွဲထားတယ်။ ဖြစ်ရပ်တစ်ခုတည်းကို အမှု နှစ်ခုနဲ့ တင်ထားတာပေါ့။ ’’  လို့ ရှေ့နေက ပြောပါတယ်။

play

 

 ဖြစ်စဉ်ကတော့ တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်မှာ တရားဝင်လိုင်စင်မရှိဘဲဖွင့်လှစ်ထားတဲ့ Oriental Spa အမည်ရှိ အလှပြင်ဆိုင်သို့ မေလ ၂၂ ရက်နေ့မှာ ၀င်ရောက်ဖမ်းဆီးရာမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတာကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 ပြည့်တန်ဆာအမျိုးသမီး တရုတ်နိုင်ငံသူ(၁၇)ဦး၊ ဆိုင်မန်နေဂျာ တရုတ်နိုင်ငံ၊ ဟူပိန်ပြည်နယ်နေ တရုတ် နိုင်ငံသား Peng An Ting (ပတ်စ်ပို့/ ဗီဇာ-မရှိ) တရုတ်နိုင်ငံသား(၂) ဦးနှင့် ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း မမိုးမိုး(ခ) အားဖျင် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲက သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD