AD
AD
AD

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး အဖွဲ့အစည်းတွေအနေနဲ့ စောင့်ကြည့်လေ့လာနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်း၊ပြည်ပက စောင့်ကြည့်လေ့လာချင်သူတွေအနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ကို ဇွန်လ ၆ ရက်နေ့ကစပြီး အောက်တိုဘာလ ၁၈ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ပြည်တွင်းက စောင့်ကြည့်လေ့လာသူတွေအနေနဲ့ လုပ်ဆောင်၇မယ့် လုပ်ငန်းစဉ်တွေကို အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆ ) နဲ့ နိုင်ငံတကာ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်မယ့်သူတွေအနေနဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၆ ) တို့နဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ လစ်လပ်မဲဆန္ဒနယ်တွေကို မေလ ၈ ရက်နဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက်လျာထားလုပ်ငန်းစဉ် အချိန်စာရင်းကို မေလ ၂၅ ရက်နေ့တွေမှာ ကော်မရှင်က ကြေငြာထားပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ (၂၀၆၂ ) ဦးနဲ့ နိုင်ငံတကာ (ပြည်ပ) ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ (၃၁၂) ဦးရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD