AD
AD
AD

တက္ကသိုလ်ဝင်တန်းစာမေးပွဲကျလို့  အလုံမြို့နယ် ဆင်မင်းအိမ်ရာ ၇ ထပ်တိုက်ရဲ့  ၅ လွှာမှာနေတဲ့ မမြသင်းသင်းစိုး (၁၆ )နှစ်ဟာ စာမေးပွဲကျတာကြောင့် စိတ်ညစ်ပြီး နေအိမ်တိုက်ခန်းကနေ ဇွန်လ ၅ ရက်နေ့ မနက် ၂ နာရီမှာ ခုန်ချခဲ့တယ်လို့ သိရပါတယ်။

အဲ့လို ခုန်ချရာမှာ ၃ လွှာမှာရှိတဲ့ ၀ရံတာရဲ့ နေကာအမိုးပေါ်ကျခဲ့ပြီးတော့ အဲ့ဒီကမှတစ်ဆင့် တိုက်မှာတပ်ဆင်ထားတဲ့အချက်ပေးခေါင်းလောင်းကြိုးတွေကို ဖမ်းဆွဲပြီး အကူအညီရယူကာ အောက်ကိုပြုတ်ကျခဲ့ပြီး တိုက်ပေါ်က ခုန်ချတာကြောင့် မမြသင်းသင်းစိုး မှာ ၀ဲနံဘေး၊ဒူး၊လက်ချောင်းတွေမှာ မစိုးရိမ်ရ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

‘ သူကဆယ်တန်းကျလို့လို့တော့ပြောတယ်ဗျ။ ဘာထိခိုက်ဒဏ်ရာကြီးကြီးမားမားမှတော့မရပါဘူး။ပွန်းပဲ့ဒဏ်ရာလောက်ပဲရတယ်။’ လို့ အလုံမြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

တိုက်ပေါ်က ကျတဲ့ဒဏ်ရာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကို တင်ပို့ကုသထားတယ်လို့ လည်းသိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD