AD
AD
AD

ရန်ကုန်က သမိုင်းလမ်းဆုံအနီးတ၀ိုက်မှာ မေလ နောက်ဆုံးပါတ်နဲ့ ဇွန်လဆန်းပိုင်းက မိန်းကလေးငယ်တွေ ပျောက်ဆုံးနေမှုမှာ အခုအချိန်ထိ ပြန်တွေ့တာမရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

‘ ပျောက်သွားတာက မတွေ့သေးဘူး။လှိုင်ရဲစခန်းမှာ တော့တိုင်ချက်ဖွင့်ထားပါတယ်။ အလုပ်သွားလုပ်တာ မနက် ၈ နာရီကျော်ကိုးနာရီမှာစာသင်ပြီး အိမ်ပြန်ရောက် ထမင်းစားပြီး လှိုင်က ရတနာမွန်အိမ်ရာမှာအလုပ်လုပ်တယ်။ ည ၇ နာရီ ၁၅ လောက်မှာပြန်ထွက်လာတယ်တဲ့။ ပြီးတော့ ဘယ်နားမှာတက်လဲတော့မသိဘူး။သူ့အကိုကို ဘာစားမလဲမေးတယ်တဲ့။လစာလည်းထုတ်ပြီးပြီဆိုတော့ ။ ဖုန်းနောက်တစ်ခေါက်ထပ်ဆက်တော့ ဖုန်းပြတ်သွားတယ်။ ပျောက်တာက သမိုင်းလမ်းဆုံမှာ သူက ဆင်းတက်တော့ သမိုင်းလမ်းဆုံ မှာဆင်းပြီးနောက်တစ်ဆင့်ပြန်စီးတာပေါ့။ အဲ့နားမှာပျောက်တဲ့သဘောပေါ့။ရည်းစားဘာညာလည်းမရှိပါဘူး။’ လို့ ပျောက်ဆုံးသူ အသက်၁၉ နှစ်အရွယ် မပန်းအိအိခင်ရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

ပျောက်ဆုံးနေသူမိန်းကလေးတွေက အသက် ၁၆ နှစ်ကနေ ၁၉နှစ်အကြားက အမျိုးသမီးလေးတွေဖြစ်ပြီးတော့ မပန်းအိအိခင်( ၁၉)နှစ်၊ မနေနေကျော်( ၁၇ )နှစ်နဲ့ မမေနဒီအောင် တို့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

play

 

“ လက်ရှိမှာတော့ စခန်းကိုတော့ တိုင်ထားတာတော့မရှိသေးပါဘူး။ ’’  လို့ မရမ်းကုန်းမြို့မ ရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။

အခြားသော မိန်းကလေး နှစ်ဦးမှာလည်း သမိုင်းလမ်းဆုံအနီးမှာ ပျောက်ဆုံးသွားတာဖြစ်ပြီးတော့ တစ်ဦးမှာ Gym အသွားပျောက်ဆုံးတာဖြစ်ပြီး ကျန်တစ်ဦးမှာ ဆယ်တန်းကျလို့ သူငယ်ချင်းနဲ့အတူမုန့်စားရင်း ပျောက်ဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

လှိုင်မြို့မရဲစခန်းကိုတော့ ပျောက်ဆုံးသူ မပန်းအိအိခင်နဲ့ပါတ်သတ်ပြီး တိုင်ကြားထားတာရှိပြီးတော့ လူပျောက်အမှတ်စဉ် ၂၇/၂၀၁၈ နဲ့လက်ခံထားတယ်လို့ သိရပါတယ်။

အဲ့ဒီလို လူပျောက်မှုတွေ ခပ်စိတ်စိတ်ဖြစ်နေတာကြောင့် မိန်းကလေးတွေပျောက်ဆုံးနေတဲ့ အတွက် ညဘက်တွေမှာ မိန်းကလေးငယ်တစ်ဦးတည်းသွားလာတာတွေကို သတိပြုဖို့ လိုနေတယ်လို့ ပျောက်ဆုံ့းသူမိသားစုဝင်တွေက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD