AD
AD
AD

မြန်မာတိုင်းမ်အမှုဆောင်အရာရှိချုပ်ဟောင်း သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေနဲ့ အပေါင်းအပါကိုးဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့  ဗဟန်းမြို့နယ် ရဲစခန်းကနေသိရပါတယ်။

ဇွန်လ ၆ ရက်က ဗဟန်းမြို့စမ်းရေတွင်းလမ်းမှာ ရော့စ်ဒန်ကလေ ငှားရမ်းနေထိုင်တဲ့ အိမ်ကို ရဲတပ်ဖွဲ့က ရှာဖွေရာမှာ WY ဆေးပြား ၈၀၀ ခန့်နဲ့ ICE ဂရမ် ၃၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ 7 Day Daily သတင်းစာမှာဖော်ပြထားပါတယ်။

မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ်ဟောင်း သြစတြေးလျနိုင်ငံသားရော့စ်ဒန်ကလေနဲ့ အင်္ဂလန်နိုင်ငံသားတစ်ဦးအပါအ၀င် ကိုးဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တာပါ။

မူးယစ်ဆေးဝါးတွေအိမ်မှာ သုံးစွဲနေသူဖြစ်ပြီးတော့ သူငယ်ချင်းဖြစ်သူ အင်္ဂလန်နိုင်ငံသားကိုပါ ဖမ်းဆီးရမိတာဖြစ်ပြီး သူတို့နှစ်ဦးက အတူနေထိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

သူတို့နှစ်ဦးနဲ့ အတူ မြန်မာနိုင်ငံသားတစ်ဦး၊အမျိုးသမီးခြောက်ဦး စုစုပေါင်း ကိုးဦးတို့ကို မူးယစ်ပုဒ်မ ၁၉(က)၊ ၂၀(က) ၊ ၂၁ တို့နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

၂၀၁၀ မတ်လအတွင်းကလည်း ရော့စ်ဒန်ကလေကို အမျိုးသမီးတစ်ဦးကို နာကျင်စေမှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့နဲ့ ကမာရွတ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ်တစ်လချမှတ်ခဲ့တာဖြစ်ပါတယ်။

သူက မြန်မာတိုင်းမ်း စတင်ထုတ်ဝေစဉ်က ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

photo - news.com.au

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD