AD
AD
AD

ဦးလှဆွေအပါအ၀င်မြန်မာနိုင်ငံက facebook အကောင့်တစ်ချို့ ပိတ်သိမ်းခံရခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တိုက်တွန်းမှုကြောင့်မဟုတ်ဘူးလို့ ဇွန်လ ၈ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဇွန်လ ၅ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နဲ့ facebookက Vice President Mr.Simon Milner နဲ့ အဖွဲ့ တို့ရဲ့ တွေဆုံမှုအပြီးမှာ ဦးလှဆွေအပါအ၀င် အခြားသော အကောင့်တွေ ပိတ်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း မူလတာဝန်တွေမှာ လူမှုကွန်ယက်ပေါ်မှာ စောင့်ကြည့်လေ့လာတာ၊ ထိန်းသိမ်းတာ၊ကြပ်မတ်တာတွေ မပါဝင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ဦးလှဆွေအပါအ၀င် အကောင့်အချို့ ပိတ်သိမ်းခံရတာဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုမှုကြောင့်မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

play

 

‘ သူတို့မှာက community standard ရှိတယ်။လိုက်နာရမယ့် အချက်တွေကို ထပ်ခါထပ်ခါချိုးဖောက်ရင် အကောင့်တွေ ပိတ်လိုက်တာတွေရှိတယ်။ပုံမှန်က facebookက သူတို့မူဝါဒနဲ့ပဲသွားတယ်။ဖိအားပေးလို့ သွားတာမရှိဘူး။ အမေရိကန်အစိုးရက တိုင်းပြည်လုံခြုံရေးအတွက်ဘာညာဆိုရင် သူတို့နိုင်ငံအတွင်းမှာတော့ ပိတ်ခိုင်းတာရှိကောင်းရှိမယ်။တခြားနိုင်ငံတွေကနေ ပြောသမျှ တောင်းဆိုသမျှ ကို စစ်ဆေးတာပဲရှီလောက်မယ်။ နာမည်နဲ့ ဘယ်အကောင့်ကို ပိတ်ပေးဘာညာက လုပ်လို့ မရဘူးဗျ။ သူတို့ စီးပွားရေးကို ထိခိုက်တယ်။အကောင့်တွေပိတ်ရင် နှစ်မျိုးရှိတယ်။ report လုပ်တာများရင် ခဏပိတ်တာတွေ၊ community standard ချိုးဖောက်လာရင်လည်း တစ်ခါတည်းအကောင့်ပိတ်တယ်။သူတို့ မူအတိုင်းပဲလုပ်တာပါ’ လို့ သင်္ကန်းကျွန်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ၊နည်းပညာကျွမ်းကျင်သူ ကိုနေဘုန်းလတ်က  ဓူဝံကို ပြောပါတယ်။

အဲ့ဒီလို ပိတ်သိမ်းခံရတာနဲ့ပါတ်သတ်ပြီးတော့ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့တာဖြစ်ပြီး execellent news agency facebook စာမျက်နှာက မဟုတ်မမှန်ရေးသားထားတာကို တွေ့ရတာကြောင့် သတင်းမှားယွင်းကြောင်း ရှင်းလင်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

အလားတူပဲ facebook ကတာဝန်ရှိသူတွေရဲ့ ဇွန်လ ၈ ရက်နေ့ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာလည်း လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အပေါ်ရည်ရွယ်ပြီး အကောင့်တွေ ပိတ်တာမဟုတ်ဘဲ  တစ်ကမ္ဘာလုံးမှာ ဖေ့စ်ဘွတ်ခ် အသုံးပြုနေသူအားလုံးကို သတ်မှတ်ထားတဲ့ Community  Standard သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ အကောင့်တွေကို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့  Facebook မှ  အာရှပစိဖိတ် Regional  Policy Coordinator မစ္စ Mia Garlick ကပြောကြားသွားတာဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါအကောင့်များပိတ်သိမ်းခံခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့တိုက်တွန်းမှုကြောင့်မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD