AD
AD
AD

ရခိုင်ပြည်နယ်အရေးအပါအ၀င် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးအခြေတွေနဲ့ပါတ်သတ်တဲ့ အစည်းအဝေးကို နေပြည်တော်က သမ္မတအိမ်တော်မှာ ဒီနေ့မနက် ၁၀ နာရီမှာ ကျင်းပခဲ့ပါတယ်။

play


မကြာခင်က လက်မှတ်ရေးထိုးခဲ့တဲ့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့တဲ့ အခြေအနေတွေ ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းမှု အခြေအနေတွေ၊ ရှန်ဂရီလာဒိုင်ယာလော့ခ်နဲ့ ဆက်စပ်ကိစ္စတွေ၊ရခိုင်နဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

'ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ကျန်တာအသေးစိတ်ကို တော့ပြောလို့ မရပါဘူး' လို့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဓူဝံကို ပြောပါတယ်။

play


အဲ့ဒီအစည်းအဝေးကို သမ္မတ ဦးဝင်းမြင့် ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် သမ္မတရုံးဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ တို့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

play


အခုအစည်းအဝေးကို ကျင်းပဖို့အတွက် ပြည်သူ့လွှတ်တော်က အစီအစဉ်တွေကို ပယ်ဖျက်ခဲ့တာဖြစ်ပြီးတော့ အခုလို ထိပ်သီးခေါင်းဆောင်တွေ ကျင်ပးတဲ့အစည်းအဝေးက ရခိုင်အရေးနဲ့ ပါတ်သတ်ပြီး တပ်မတော်နဲ့ အစိုးရကြားတွေ့ဆုံတာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD