AD
AD
AD
play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်အဖြစ်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းရိုးတန်းကို လာမယ့် ၂၄ နာရီအတွင်း စတင်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပြီး မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအများစုမှာ နေရာကွက်မိုးကြီးမယ်လို့ သတိပေးထားပါတယ်။

လက်ရှိအချိန်မှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေပြီး လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ မိုးဇလဦးစီးဌာနညွှန်ကြားရေးမှူးချူပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

play

 

"မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းက လေဖိအားနည်းရပ်ဝန်းရဲ့လက်ျာဘက်(အရှေ့တောင်ဘက်)မှာရှိတာကြောင့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်နဲ့ မုတ်သုံအားအလွန်ကောင်းခြင်းကြောင့် လေပြင်းတိုက်ခတ်တာတွေ မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်လို့ သတိထားဖို့ လိုပါတယ်"လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်၊ နေပြည်တော်၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD