AD
AD
AD
play
သာကေတတံတားသစ် (ဒေါပုံတံတား) ကို ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။ Photo : Zin Linn tun

 

ပုဇွန်တောင်ချောင်းကို ဖြတ်ပြီး ရန်ကုန်တိုင်း ဒေါပုံမြို့နယ်နဲ့ ပုဇွန်တောင်မြို့ကို ဆက်သွယ်တည်ဆောက်ထားတဲ့ သာကေတတံတားသစ် (ဒေါပုံတံတား)ကို  ဒီနေ့ (ဇွန်လ ၁၀ ရက်နေ့) မနက် ခုနစ်နာရီ ကစပြီး ယာယီဖြတ်သန်းခွင့် စတင်ခွင့်ပြုခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်ရှိအချိန်မှာ တံတားတည်ဆောက်ရေးစီမံကိန်းရဲ့ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ကတ္တရာခင်းတာနဲ့ ချဉ်းကပ်လမ်းပိုင်းတွေမှာ လုပ်ငန်းတွေ အနည်းငယ်ကျန်ရှိနေသေးပြီး တံတားဆောက်လုပ်ရေးလုပ်ငန်းတွေက ဇူလိုင်လမှာ ရာနှုန်းပြည့်ပြီးစီးမှာ ဖြစ်လို့ တံတားဖွင့်ပွဲအခမ်းအနားကို သြဂုတ်လမှာ ကျင်းပမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

play
သာကေတတံတားသစ် (ဒေါပုံတံတား) ကို ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။ Photo : Zin Linn tun

 

သာကေတတံတားသစ်ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်ကာလကို လပေါင်း ၄၀ အဖြစ် သတ်မှတ်ခဲ့ကာ တံတားကြီးတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ The Consortium of Tokyu Toyo llK၊ Tokyu Constr-uction Co.,Ltd ၊ Toyo Construct-ion Co.,Ltd၊ lHl Construction Service Co.,Ltd စသည့် စုပေါင်းအဖွဲ့မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး Nippon Koei Co.,Ltd မှ အကြံပေးကုမ္ပဏီအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

တံတားအရှည်မှာ ၈၃၀ ပေ (၂၅၃ မီတာ)နဲ့  တံတားအကျယ် ၂၀ ဒသမ ၅ မီတာရှိပြီး လေးလမ်းသွားကြိုတင် အင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား (Extra-Dosed) အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

တံတားရဲ့ အလေးချိန် ခံနိုင်ဝန်အားက ၄၅ တန်ကနေ တန် ၆၀ အထိရှိတဲ့ ကားတွေ ဖြတ်သန်းနိုင်မှာဖြစ်ပြီး လေးလမ်းသွားတံတားဖြစ်ကာ ကားလမ်းဘေးတွင် တစ်ဖက်လျှင် နှစ်မီတာ အကျယ်အဝန်းရှိ လူသွားလမ်းပလက်ဖောင်း အသွား၊ အပြန်ပါရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနကနေ သိရပါတယ်။

တံတားတည် ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ငွေ ဂျပန်ယန်း (၄၂၁၆ သန်း) နဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD