AD
AD
AD
play

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)ရဲ့ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်သွားရောက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

play
(၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ခဲ့စဉ်။

 

နိုင်ငံတော်သမ္မတက ဘန်ကောက်မြို့မှာ ကျင်းပမယ့် (၈)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေးနဲ့ (၉)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်(စီအယ်လ်အမ်ဗွီ)ထိပ်သီး အစည်းအဝေးသို့လည်း ချစ်ကြည်ရေးခရီးစဉ်နဲ့ တစ်ဆက်တည်း တက်ရောက်မယ်လို့ သိရပါတယ်။

play

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဧပြီလတုန်းက စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်သမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တက်ရောက်ခဲ့ပြီး ယခုခရီးစဉ်က ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD