AD
AD
AD
play

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေကိုဖြတ်သန်းပြီး ကုန်းတွင်းသို့ဝင်ရောက်သွားခဲ့ပေမယ့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအလွန် ကောင်းနေလို့ ဇွန်လ ၁၄ ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

"မုတ်သုံလေအားကောင်းနေလို့ လာမယ့် ၁၄ ရက်အထိ မိုးကြီးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ကမ်းရိုးတမ်းဒေသတွေအပါအ၀င် တစ်နိုင်ငံလုံးလိုလိုမှာ ဒေသအလိုက်မိုးကြီးနိုင်ပြီးတော့ မြန်မာနိုင်ငယ်အလယ်ပိုင်းဒေသတွေမှာလည်း လေပြင်းအန္တရာယ်သတိထားဖို့လိုပါတယ်"မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

play

 

မုတ်သုံလေအားကောင်းနေတာကြောင့် တစ်ပြည်လုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်လို့ မြန်မာနိုင်ငံဒေသအများစုမှာ နေရာကွက် မိုးကြီးနေလို့ ရေဘေးကြိုတင်ကာကွယ်ဖို့နဲ့ အရေးပေါ်ပြောင်းရွှေ့နိုင်ရေး အသင့်ပြင်ထားပြီး သဘာဝဘေးသတိပြုနေထိုင်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

နောက်နှစ်ရက်အတွက် တစ်ပြည်လုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီး နိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD