AD
AD
AD
play

 

ရန်ကုန်တိုင်းအစိုးရက ဆောက်လုပ်ခဲ့တဲ့ ယာဉ်ထိန်းချုပ်ရေးစင်တာ Yangon Traffic Control Center ကနေ စည်းကမ်းပျက်ယာဉ်တွေကို စောင့်ကြည့် အရေးယူမယ့်အစီအစဉ်တွေနဲ့ ပါတ်သတ်ပြီး မသိရသေးဘူးလို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ကိုဘာမှတော့ မပြောထားသေးဘူး။ဒေါ်နီလာကျော်ပြောတာတော့တွေ့လိုက်ပါတယ် ။ သူတို့ အစိုးရအဖွဲ့က ဘာမှတော့ မပြောသေးဘူး။ အရေးယူမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပါပဲ"လို့ ဒုရဲမှူးဝင်းလွင်က ဓူဝံ မီဒီယာကို ပြောပါတယ်။

အရေးယူမှုတွေပြုလုပ်မယ်ဆိုရင် တပ်ဆင်ထားတဲ့ ကင်မရာတွေကနေတစ်ဆင့် စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို မှတ်တမ်းရယူပြီး အရေးယူမှုပြုလုပ်သွားမှာဖြစ်ပြီး မော်တော်ာယာဉ်ဥပဒေနဲ့ပဲ အရေးယူမှုပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါ Yangon Traffic Control Center ကို အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ ရန်ကုန်တိုင်းအစိုးရနဲ့ တရုတ်ကုမ္ပဏီတစ်ခုက စတင် တည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အတွင်း စည်းကမ်းဖောက်ဖျက်တဲ့ မော်တော်ယာဉ်တွေကို ခေတ်မီမီးပွိုင့်စနစ်အသုံးပြုပြီး စောင့်ကြည့်အရေးယူဖို့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်က နက္ခတ်တာရာပြခန်းနားမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး စတင်အရေးယူမယ့်အချိန်ကို ကြေငြာပေးသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ လုပ်ဆောင်ခဲ့တဲ့ Yangon Traffic Control Center ကနေ စောင့်ကြည့်အရေးယူတာတွေကို ဒီနှစ်ထဲမှာ စတင်နိုင်ဖို့ခန့်မှန်းထားပြီး ယာဉ်ကြောပိတ်ဆို့မှု ၃၀ ရာခိုင်နှုန်းအထိ လျော့ချနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD