AD
AD
AD
play

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝ အငူမော်ကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်မှာ ဘင်္ဂါလီ ၁၀၄ ဦး တွေ့ရှိဖမ်းမိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ (ဇွန်လ ၁၂ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ်ခန့်အချိန်က အဆိုပါပင်လယ်ကမ်းစပ်တွင် စက်လှေတစ်စီးနဲ့လူတွေ ရောက်ရှိနေတာကို သတင်းရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ ပင်လယ်ကမ်းစပ်မှာ ၀မ်းဗိုက်ထက်ခြမ်းကွဲ ပျက်စီးနေတဲ့ စက်လှေတစ်စီးနဲ့ ဘင်္ဂါလီ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၅၂ ဦးနဲ့ ကလေး ၁၇ ဦး၊ စုစုပေါင်း ၁၀၄ ဦးကို စိစစ်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဘင်္ဂါလီ ၁၀၄ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ် ၄ စီးနဲ့ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးနေတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

play

 

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မေ ၂၁ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်မှာ လှေစီးဒုက္ခသည် ၂၂၈ ဦး တွေ့ရှိခဲ့လို့ စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦး ပါဝင်နေကြောင်း တွေ့ရှိရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ် မေ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီး ဒုက္ခသည် ၇၃၄ ဦး တွေ့ရှိခဲ့ရလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD