AD
AD
AD
play
မင်းဘူး-စကုလမ်း ရေလွှမ်းနေမှုမြင်ကွင်း။ Photo : Magway Update

 

မုတ်သုံလေအားကောင်းနေတာကြောင့် တစ်ပြည်လုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနေလို့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ရေကြီး၊ ရေလျှံတာတွေနဲ့ မြေပြိုတာတွေ ဆက်တိုက်ဖြစ်နေပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေး၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ မြေပြိုတာတွေနဲ့ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာကြီးမှာလည်း တောင်ကျရေကျဆင်းမှုကြောင့် လူ သုံးထောင်ကျော် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ မြို့နယ် ၁၅ ခုကျော် ရေဘေးကြုံတွေ့နေပြီး ရေတိုက်စားပြီး လမ်းပိုင်းပျက်စီးတာတွေ၊ မြေပြိုတာတွေနဲ့ နေအိမ်တွေပြိုကျပျက်စီးတာတွေ ကြုံတွေ့နေရပါတယ်။

play
မင်းဘူး-စကုလမ်း ရေလွှမ်းနေမှုမြင်ကွင်း။ Photo : Magway Update

 

"မုတ်သုံလေအားကောင်းနေလို့ လာမယ့် ၁၄ ရက်အထိ မိုးကြီးမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ကမ်းရိုးတမ်းဒေသတွေအပါအ၀င် တစ်နိုင်ငံလုံးလိုလိုမှာ ဒေသအလိုက်မိုးကြီးနိုင်ပြီးတော့ မြန်မာနိုင်ငယ်အလယ်ပိုင်းဒေသတွေမှာလည်း လေပြင်းအန္တရာယ်သတိထားဖို့လိုပါတယ်"မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီး၊ ရေလျှံမှုတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနမှာ ၀န်ထမ်းအဆင့်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမှု ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ရေကြီး ရေလျှံမှုများကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

မုတ်သုံလေအားကောင်းနေတာကြောင့် တစ်ပြည်လုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်လို့ မြန်မာနိုင်ငံဒေသအများစုမှာ နေရာကွက် မိုးကြီးနေလို့ ရေဘေးကြိုတင်ကာကွယ်ဖို့နဲ့ အရေးပေါ်ပြောင်းရွှေ့နိုင်ရေး အသင့်ပြင်ထားပြီး သဘာဝဘေးသတိပြုနေထိုင်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD