AD
AD
AD
play

 

မေလ ၁၁ ရက်နေ့ က ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီး ပြင်းအားရစ်ခ်ျတာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါ ငလျင်က ကမ္ဘာအေးမြေငလျင်စခန်း အနောက်တောင်ဘက် ၃၆၆ မိုင်ခန့်ကွာဝေးပြီး ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော် ဆက်စပ်တဲ့ပင်လယ်ပြင်အတွင်းမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

"အင်အားနည်းတယ်။ အန္တရာယ်မရှိပါဘူး။ ပင်လယ်ပြင်မှာဖြစ်တာကကျတော့လေ။ ငလျင်ဗဟိုချက်တိမ်ပြီးလှုပ်ရင် ကမ်းရိုးတန်းကို သက်ရောက်နိုင်တာက ဆူနာမီလိုဟာမျိုးပေါ့နော်။ အင်အားများမှပါ။ အခုကအင်အားနည်းတဲ့ငလျင်ပါ"လို့ မြန်မာနိုင်ငံ ငလျင်ဌာနခွဲ့ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာယဉ်မျိုးမင်းထွေးက ဓူဝံ မီဒီယာကို ပြောပါတယ်။

ပင်လယ်ပြင်အတွင်း အင်အားပြင်းငလျင်တွေလှုပ်ခတ်မှသာ ဆူနာမီအဖြစ်ကို ကမ်းရိုးတန်းဒေသတွေမှာ အန္တရာယ်ရှိနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို ဖြတ်သန်းပြီး ၀င်ရောက်သွားပေမယ့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းနေတာကြောင့် လာမယ့် ဇွန်လ ၁၄ ရက်နေ့အထိ မိုးသည်းထည်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD