AD
AD
AD

play
မြ၀တီမြို့ရှိ သောင်းရင်းမြစ်ကို ဖြတ်၍ မြန်မာရွေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံဘက်သို့ သွားရောက်နေစဉ်။ Photo : Man Myo Myint

 

ထိုင်းနိုင်ငံမှာ တရားမ၀င်လုပ်ကိုင်နေတဲ့မြန်မာလုပ်သားတွေအပါအ၀င် နိုင်ငံခြားလုပ်သားတွေကို ဇူလိုင် ၁ ရက်နေ့မှာ စတင် ဖမ်းဆီးတော့မယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ကြေငြာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ ဥပဒေသစ်ပြဌာန်းပြီးနောက်ပိုင်း အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေကို သက်သေခံလက်မှတ် CI ကတ်တွေကို ဇွန်လ ၃၀ ရက်နေ့အထိ နောက်ဆုံးထားပြုလုပ်ဖို့ကို ထိုင်းအစိုးရက သတိပေးထားပါတယ်။

"အထောက်အထားမပြည့်စုံက တရားဝင်ပြောထားတာက အလုပ်သမားက ၈၀၀ ကျော်လောက်ရှိတယ်။ တရားမ၀င်တွေလည်းရှိတယ်။ အရင်တုန်းကတော့ ဖြေလျော့ပေးတာတွေ ရှိတယ်။ အခုမလုပ်ပေးတော့ဘူး။ သက်တမ်းတိုးမယ့်လူတွေ အချိန်မီပြီးအောင်လုပ်ပါ။ အလုပ်ရှင်ကော၊ အလုပ်သမားကောကိုပါ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်မယ်ဆိုပြီး ထုတ်ပြန်တာပါ"လို့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေး ဆောင်ရွက်ပေးနေတဲ့ ကိုမင်းဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

play

 

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့လည်း CI ၊ဗီဇာ၊ အလုပ်သမားပါမစ်တွေကို ဇွန်လ ၃၀ ရက်နေ့မှာ အပြီးဆောင်ရွက်ဖို့ သတ်မှတ်ရက် အတွင်း အပြီးလုပ်ဆောင်နိုင်ဖို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အထောက်အထားတွေ ပြုလုပ်ဖို့နဲ့ သက်တမ်းတိုးဖို့ကို ဇွန်လ ၃၀ ရက်နေ့ သတ်မှတ်ထားပြီး အဲ့ဒီအချိန်အတွင်းမှာတော့ ဖမ်းဆီးခြင်းမပြုရဘူးလို့ အစိုးရကထုတ်ပြန်ထားပါတယ်။

ဇွန်လ ၃၀ ရက်နေ့နောက်ပိုင်းမှာ အထောက်အထားမပြည်စုံဘဲ အလုပ်လုပ်ကိုင်နေတာတွေ့ရင် ထိုင်းဘတ်ငွေ ၅၀၀၀ ကနေ ၅၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး နှစ်နှစ်အတွင်း အလုပ်လုပ်ခွင့်လျှောက်ထားတာကို ပယ်ဖျက်ခံရမှာလည်း ဖြစ်ပါတယ်။

ထိုင်းက မြန်မာလုပ်သားတွေကို ၂၀၁၇ မတ်လကစပြီး CI စာအုပ်တွေလုပ်ပေးနေတာဖြစ်ပြီး လက်ရှိမှာ လူ ၁၁ သိန်းကို စာအုပ်တွေ ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD