AD
AD
AD
play

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင် ဆွေးနွေးမယ့် ဒေသခံလူငယ်တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk ကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ယခုအပတ်အတွင်းပြုလုပ်သွားမယ်လို့ မော်လမြိုင်အခြေစိုက် ဟင်္သာမီဒီယာမှာ ဇွန်လ ၁၂ နေ့ က ဖော်ပြထားပါတယ်။

အဆိုပါစကားဝိုင်းကို ဇွန် ၁၄ ရက်မှာ ပြုလုပ်မယ်လို့ စုံစမ်းသိရှိရပေမယ့် အတည်ပြုချက်မရသေးဘဲ ရက်နီးမှ ထုတ်ပြန်ပေးမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဒီလအတွင်းပြုလုပ်မယ့် ငြိမ်းချမ်းရေး စကားဝိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် မပြုလုပ်ဖြစ်ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို နှစ်လတစ်ကြိမ်(သို့မဟုတ်) သုံးလတစ်ကြိမ် ပုံမှန်ပြုလုပ်ဖို့ စီစဉ်ထားပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ပင်လုံနဲ့ မြောင်းမြမြို့တို့မှာ ပြုလုပ်ခဲ့ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား ရှစ်မျိုးမှ လူငယ်တွေက ငြိမ်းချမ်းရေးအပေါ် သဘောထားအမြင်တွေကို အပြန်အလှန်ဆွေး နွေးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD