AD
AD
AD

မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၇ ခုပူးပေါင်းပြီး Student Show ကျောင်းသားပွဲတော်ကို ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ Myanmar Convention Center မှာ မနက် ၉ နာရီခွဲကနေ ၆ နာရီအထိကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲကို တက္ကသိုလ် ၊ဒီဂရီ ကောလိပ် အသီးသီးမှာရှိတဲ့ ကျောင်းသား၊သူ တွေအချင်းချင်း ရင်းနှီးစေဖို့၊ ပညာရပ်ဆိုင်ရာနည်းပညာတွေကို လွပ်လပ်စွာ ဖလှယ်နိုင်ဖို့၊ ကျောင်းသား တစ်ဦးချင်းစီဲရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့်ရဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

‘student show အတွက်က မတူညီတဲ့ sector တွေပါမယ်။ ၂၀၁၅ တုန်းကလုပ်ခဲ့တဲ့ မူတွေအတိုင်းအစီအစဉ်တွေအတိုင်း Upgrade လုပ်ထားတယ်။ 2018 မှာဆို Panel discussion နဲ့ education map ကိုတော့ ထပ်တိုးထားပါတယ်။ ’  လို့ ရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲ့ ဒုတိယဥက္ကဌ ကိုနိုင်အောင်လူက ပြောပါတယ်။

အဆိုပါ student show ကို ကျောင်းသားပေါင်း ၂၅၀၀ ကျော်ပါဝင်လာဖို့ မျှော်မှန်းထားပြီးတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေကနေတစ်ဆင့် ကျောင်းသားတွေပိုမိုပါဝင်လာဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီရှိုးကို စီစဉ်တာကတော့ ရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ သန်လျင်နည်းပညာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊စီးပွားရေးတက္ကသိုလ်၊ NMDC နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့ ကေ ကျာင်းသားသမဂ္ဂတွေက ပူးပေါင်းစီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Student show မှာproject show , art show, presentation, panel discussion , entertainment , education and career opportunities map စတာတွေပါဝင်မယ်လို့ ဆိုပါတယ်။

play

 

‘ ဒီသတင်းစာရှင်းလင်းပွဲပြီးရင် သက်ဆိုင်ရာသမဂ္ဂတွေဖိတ်ကြားမယ်။ သမဂ္ဂအချင်းချင်းချိတ်ဆက်ထားပြီးရင် သူတို့လာပြမယ့် အရာတွေအတွက်နေစရာစားစရာတွေလုပ်ထားပေးမယ်။ အဓီကကတော့ သမဂ္ဂတွေကို ပိုမိုပါဝင်လာစေချင်တဲ့သဘောပါပဲ ‘ လို့သူက ဆက်ပြောပါတယ်။

အဲ့ကဏ္ဍတွေအတွက်ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၇ ရက်နေ့အထိ တစ်နိုင်ငံလုံးက ကျောင်းသားတွေ အားလုံး နောက်ဆုံးထားစာရင်းပေးသွင်းရမယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာလည်း student show ကို ပြုလုပ်ခဲ့ဖူးပြီးတော့ ၂၀၁၈ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်

 

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD