AD
AD
AD
play
မကွေး-နေပြည်တော် လမ်းပိုင်းတစ်ခုပေါ်တွင် ရေကျော်နေစဉ်။ Photo : Tin Tin

 

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရွာသွန်းခဲ့တဲ့မိုးတွေကြောင့် ပြည်တွင်းကဒေသ ၁၅ ခုထက်မနည်းမှာ ရေကြီးမှုဒဏ်ခံစားခဲ့ရပြီး လူသုံးဦး သေဆုံးခဲ့ကာ လူ ရှစ်ထောင်ကျော် ရေဘေးသင့်ခဲ့ရပြီး တောင်တွင်းကြီး၊ အောင်လံနဲ့ တမူးမြို့တို့မှာ မိုးရေချိန်စံချိန်သစ်တင်ခဲ့တယ်လို့ မိုးဇလဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရေဘေးကြောင့် မင်းလှ၊ မင်းဘူးနဲ့ ပွင့်ဖြူမြို့တို့မှာ ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက် အတွင်း လူသုံးဦးသေဆုံးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူလဲ့လဲ့ထွန်းရဲ့ပြောကြားချက်ကို 7Day သတင်းစာက ဖော်ပြထားပါတယ်။

play

 

မကွးတိုင်းဒေသကြီး အောင်လံနဲ့ တောင်တွင်းကြီးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တို့မှာ ဇွန်လ ၁၂ ရက်က မိုးရေချိန် စံချိန်သစ် တင်ခဲ့ပါတယ်။ အောင်လံမြို့မှာ မိုးရေချိန် ၃ ဒသမ ၉၄ လက်မနဲ့ တောင်ကြီးမြို့မှာ ၃ ဒသမ ၅၈ လက်မရွာသွန်းပြီး စံချိန်သစ်တင်ခဲ့သလို တမူးမြို့မှာလည်း မိုးရေချိန် ၆ ဒသမ ၉၇ လက်မရွာသွန်းပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ မုတ်သုံလေအားအလွန်ကောင်းနေလို့ လာမယ့် ၁၄ ရက်အထိ မိုးကြီးနေနိုင်ပြီး ကမ်းရိုးတမ်းဒေသတွေအပါအ၀င် မြန်မာနိုင်ငံ ဒေသအနှံ့ မိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD